What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 12:00

တာမွေမြို့နယ် ဧရာဝတီဘဏ်ဘဏ်ခွဲရှိ ဝန်ထမ်းတစ်ဦး COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြု

ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် တာဝန်ထမ်း‌ဆောင်နေသည့် ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၈) ရက်ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲစစ်ဆေးမှုအဖြေအရ အတည်ပြုခဲ့သည်။

အဆိုပါ ၀န်ထမ်းသည် ဧရာ၀တီဘဏ်၏ COVID-19 ရောဂါ ပြန့်ပွားထိန်းချုပ်မှု အစီအစဥ်အရ အဖွဲ့များခွဲပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်စေရာတွင် စက်တင်ဘာ (၉)မှ စတင်၍ Stay Home အနေဖြင့်ရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိကာဧရာဝတီဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုဝင်များ ကိုလည်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီဘဏ်အနေဖြင့် ၎င်းဘဏ်ခွဲ အတွင်းအပြင် နေရာအနှံ့အား စနစ်တကျ ပိုးသတ်သန့်စင်မှုများ ပြုလုပ်၍ ယာယီပိတ်ထားပြီး၊ ဘဏ်ခွဲရှိ ဝန်ထမ်းများကိုလည်း အသွားအလာ ကန့်သတ်ထား၍ နေထိုင်စေရန် ဆောင်ရွက်ထားကြောင်းသိရသည်။

၂။ ရန်ကုန်မြို့ရှိ ၎င်းဘဏ်ခွဲ ပိတ်ထားစဉ်အတွင်း ဘဏ်နှင့်ဆက်သွယ်ဆက်ဆံနေသော Customer များ အဆင်ပြေမှုရှိစေရေး အတွက် ဘဏ်၏ Mobile Banking၊ Internet Banking၊ ATM နှင့် AYA PAY ဝန်ဆောင်မှုများကို အသုံးပြု၍လည်းကောင်း၊ ရန်ကုန်မြို့ရှိ အခြားနီးစပ်ရာဘဏ်ခွဲများသို့ သွားရောက်၍ လည်းကောင်း ဘဏ်၏ ၀န်ဆောင်မှုများ ရယူနိုင်မည်ဖြစ်သည်။

ဧရာဝတီဘဏ် အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်သွယ် ဆက်ဆံနေသော Customerများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းစဥ်များကို တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီဘဏ် ရခိုင်ပြည်နယ်၊ စစ်တွေဘဏ်ခွဲ၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန် ဘဏ်ခွဲနှင့် သမိန်ဗရမ်းလမ်းရှိဘဏ်ခွဲတို့မှအပ ကျန်ဘဏ်ခွဲအားလုံးအား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ထားရှိမည်ဖြစ်ပြီး၊ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့်အချက်အလက်များကို ဧရာဝတီဘဏ်၏ Contact Centre 01-2317777 သို့လည်း ဆက်သွယ်မေးမြန်းနိုင်သည်။

ယခုကဲ့သို့ COVID-19 ရောဂါပိုးဖြစ်ပွားချိန်တွင် ဧရာ၀တီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးကိုလည်း နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် အတူ ဝိုင်းဝန်း အားဖြည့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Transcom News Journal

Image may contain: text

Read times Last modified on Saturday, 19 September 2020 12:02
Rate this item
(0 votes)