What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 31 May 2020 17:35

တောင်ကိုးရီးယားတွင် ကူးစက်မှု ပြန်ဖြစ်ပွားသဖြင့် ကျောင်းများ ပြန်ပိတ်

တောင်ကိုရီးယားရှိကျောင်းပေါင်း ၂၀၀ ကျော်သည် ဗိုင်းရပ်စ်ကူးစက်မှုအသစ်များ

ဖြစ်ပွားခြင်းကြောင့်ပြန်လည်ဖွင့်ပြီး ရက်အနည်းငယ်အကြာတွင် မပိတ်မနေ ပိတ်ခိုင်းခဲ့ရသည်။


မေလ ၁၇ ရက်က ကတိုင်းပြည်တွင် ဗိုင်းရပ်စ်တားဆီးမှုကို ဖြေလျှော့ပေးသည့်အတွက် ကျောင်းသားထောင်ပေါင်းများစွာ ကျောင်းပြန်တက်ခဲ့ကြသည်။

သို့သော် တစ်ရက်အကြာတွင် ကိုဗစ်ရောဂါကူးစက်သူအသစ် (၇၉) ဦးကို အတည်ပြုခဲ့သည်။ နှစ်လအတွင်းကူးစက်မှု အမြင့်မားဆုံးနေ့ဖြစ်သည်။


ကူးစက်မှုများသည် ဆိုးလ်မြို့ အပြင်ဘက်ရှိ ဖြန့်ဖြူးရေးဌာနနှင့် ပတ်သက်နေသည်။

Bucheon မြို့ရှိ ဂိုဒေါင်ကို နိုင်ငံ၏အကြီးမားဆုံး e-commerce ကုမ္ပဏီ Coupang က ထိန်းချုပ်ထားသည်။ တာဝန်ရှိသူများက အဆိုပါစက်ရုံသည် ရောဂါကူးစက်မှုကိုထိန်းချုပ်သည့်အစီအမံများနှင့် တင်းကျပ်စွာ ဖိဖိစီးစီး လိုက်နာခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ကျန်းမာရေးအရာရှိများက အလုပ်သမားများ၏ ဖိနပ်များနှင့် အဝတ်အစားများပေါ်တွင် Covid-19 ဗိုင်းရပ်စ်များကို ရှာဖွေတွေ့ရှိခဲ့သည်။

ဖြန့်ဖြူးရေးဌာနတွင် လုပ်ကိုင်နေသာ ထောင်ချီသည့် ၀န်ထမ်းများအား ဆက်လက်စမ်းသပ်ဆဲဖြစ်သောကြောင့် ရောဂါဖြစ်ပွားမှု အသစ်များ ထပ်မံတွေကရှိနိုင်ပြီး ကူးစက်မှုများပြားလာခြင်းကို ဆက်လက်မြင်တွေ့ရဖွယ်ရှိသည်။

မေလ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော ကူးစက်သူပေါင်း ၅၈ ဦးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့်
ကူးစက်သူပေါင်း ၁၁,၄၀၂ ဦး ရှိခဲ့သည်။

Bucheon မြို့ရှိ စုစုပေါင် းကျောင်းပေါင်း ၂၅၁ ကျောင်းကို ယခုအခါ မပိတ်မနေရ ပိတ်ခိုင်းထားသည်။ ပညာရေး ၀ န်ကြီးဌာနကို ကိုးကား၍ ကိုရီးယားတိုင်းမ်သတင်းစာ၌ ဖော်ပြချက်တွင် မြို့တော်ဆိုးလ်ရှိနောက်ထပ် ကျောင်းပေါင်း ၁၁၇ ကျောင်းသည်လည်း ပြန်လည်ဖွင့်လှစ်မှုကို ရက်ရွှေ့ဆိုင်းထားကြောင်းဖော်ပြထားသည်။

ဆိုးလ်ရှိ ကျောင်းသားတ ဦး၏ မိခင်ဖြစ်သူသည် Coupang ဂိုဒေါင်တွင် အလုပ်လုပ်သူဖြစ်ပြီး ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ မိသားစုတွင်း ကူးစက်မှုမှတစ်ဆင့် ကျောင်းသားကို ကူးစက်ပြီး ကျောင်းသားမှ ကျောင်းတွင်းကူးစက်မှု ဆက်လက်ဖြစ်ပွားမည့် အရေး ရှိနေသဖြင့် ကျောင်းများကို ပိတ်ခိုင်း ထားလိုက်ခြင်း ဖြစ်သည်။
ဘီဘီစီ

Read times Last modified on Sunday, 31 May 2020 17:37
Rate this item
(0 votes)