What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 September 2021 17:48

ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုး ပိုးမတွေ့သူများ အမေရိကန် ဝင်ခွင့်ရတော့မည်

လာမယ့်နိုဝင်ဘာလ အစောပိုင်းလောက်က စပြီး အမေရိကန်နိုင်ငံထဲ လာရောက်မယ့် နိ်ုင်ငံခြားခရီးသွားတွေအတွက်

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။

နွေရာသီအားလပ်ရက်ကာလ မတိုင်ခင်ကတည်းက အီးယူဥရောပနိုင်ငံတွေက အမေရိကန်ခရီးသွားတွေ အပေါ် ကန့်သတ်မှုတွေကို ဖြေလျှော့ ပေးခဲ့ပေမယ့် အမေရိကန်နိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးနေချိန်အတွင်း ၁၈ လလောက် နိုင်ငံခြား ခရီးသွားတွေအပေါ် ကန့်သတ်မှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ မူဝါဒအသစ်အရ နိုင်ငံခြားခရီးသွားတွေဘက်က သူတို့ ကိုဗစ်ကာကွယ်ဆေး ဆေးပတ်လည်အောင် ထိုးနှံပြီးကြောင်း ပြသနိုင်ရင် နိုင်ငံတွင်း ဝင်ရောက်နိုင်ပြီလို့ သမ္မတအိမ်ဖြူ ကိုဗစ်၁၉ ဆိုင်ရာ တာဝန်ခံ Jeff Zients က ပြောပါတယ်။ ခရီးသွားတွေ အနေနဲ့ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်မယ့် လေယာဉ်ခရီးစဉ် မစတင်ခင် ၃ ရက် အတွင်း ကိုဗစ်ပိုးမရှိကြောင်း စမ်းသပ်ထားတဲ့ လက်မှတ်ပြသနိုင်ရင် ဖြစ်စေ၊ လေယာဉ်ပေါ် မတက်ခင်မှာ ကာကွယ်ဆေး အပြည့်ထိုးနှံပြီးကြောင်း ပြသနိုင်ရင်ဖြစ်စေ ဝင်ရောက်ခွင့် ပေးမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ အခုလို လုပ်ဆောင်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကြိုဆိုလိုက်ပြီး နိုင်ငံခြားခရီးသွားတွေ အနေနဲ့ ဒီနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပမယ့် Thanksgiving ကျေးဇူးတော်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံကို သွားရောက်နိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ခရီးသွားလုပ်ငန်း ဆိုင်ရာ US TA ကုန်သွယ်အဖွဲ့ကလည်း အခုလို ခွင့်ပြုလိုက်တာဟာ အမေရိကန်စီးပွါးရေး ပြန်နလံထူလာစေဖို့ အထောက်အကူဖြစ်ကြောင်းပြောပါတယ်။ ဒါဟာ ကိုဗစ်ပိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီဆိုတာကို ပြသလိုက်သလို ကိုဗစ်ကန့်သတ်မှုတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အလုပ်အကိုင်သန်းပေါင်းများစွာဟာလည်း အရှိန်ကောင်းကောင်းနဲ့ ပြန်ပေါ်လာနိုင်ပြီဖြစ်ကြောင်း USTA အဖွဲ့အကြီးအကဲက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဆေးပတ်လည်အောင် ထိုးနှံပြီးသူတွေ အမေရိကန်နိုင်ငံကို လာရောက်ရင် အရင်လို quarantine လုပ် သီးခြားခွဲနေရတာမျိုး လည်း မလိုအပ်တော့ပါဘူး။

 

VOA

Read times
Rate this item
(0 votes)