What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 June 2020 22:00

Fever Clinic (ဖျားနာကုသဆေးပေးခန်း) ဆိုတာ ဘာလဲ

ကမ္ဘ့ာကူးစက် ကပ်ရောဂါ Covid 19 ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှု နိုင်ငံအနှံ့အပြား ရောက်ရှိနေချိန် ဖြစ်သည့် ယနေ့ကာလတွင် မြန်မာနိုင်ငံသည်လည်း ယင်းကပ်ရောဂါ၏ ခြိမ်းခြောက်မှု ခံနေရပါသည်။ 

Covid 19 ကိုရိုနာ ဗိုင်းရပ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ကြိုးပမ်းလျက်ရှိပါသည်။

 

ယင်းသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းနေသည့် ကာလအတွင်း ဖျားနာလူနာများအတွက် လိုအပ်သော ကုသမှုများ ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်သည့် ဆေးပေးခန်းဖြစ်ပါသည်။

 

အဓိကရည်မှန်းချက်အနေဖြင့် စနစ်ကျ၍ ထိရောက်သောကုသမှုပေးနိုင်မည့် လူနာအတွက်သာမက ကုသမှုပေးသော ကျန်းမာရေးစောင့်ရှောက်သူ၊ကူညီကြသူစေတနာ့ဝန်ထမ်းများအတွက်ပါ ဘေးကင်းလုံခြုံသည့် ဖျားနာကုသဆေးခန်း ဖွင့်လှစ်လျက် လူနာများအား ကုသမှုပေးနိုင်ရန်ဖြစ်ပြီး

၁။ ကိုဗစ်ဗိုင်းရပ်ကူးစက်လူနာများအား စောစီးစွာရှာဖွေဖော်ထုတ်ပေးနိုင်ရန်

 

၂။ ပြည်သူ့ဆေးရုံကြီးများရှိ အရေးပေါ်ဌာနများအတွက် ဝန်ထုတ်ဝန်ပိုးအား လျှော့ချနိုင်ရေး အထောက်အကူပြုနိုင်ရန်၊

၃။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပြင်ပဆေးပညာရှင်များမှ ပူးပေါင်းပါဝင်ကူညီရန်

 

၄။ ပြင်ပ အထွေထွေရောဂါကု ဆေးကုခန်းများမှတဆင့် ရောဂါ ပြန့်ပွားကူးစက်နိုင်မှု ဖြစ်နိုင်ခြေအား လျှော့ချနိုင်ရန်နှင့်

၅။ ပြည်သူလူထုအတွင်း ငုပ်လျှိူးလျက် တိတ်တဆိတ်ရောဂါ ပြန့်ပွားကူးစက်နိုင်ခြေအား တတ်နိုင်သမျှ လျှော့ချပေးနိုင်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။

 

ဆေးပေးခန်းမှာ ဘာတွေ ကုသမှုပေးနေသလဲ။

အဓိကရည်ရွယ်ချက်မှာ ကူးစက်ကပ်ရောဂါ ကာလအတွင်း ဖျားနာလူနာများအားကုသလျက် Covid 19 ကူးစက်ရောဂါ ကူးစက်​နိုင်​ခြေ ရှိသူ၊ ရှိနိုင်သူများအား ဆောလျင်စွာဖော်ထုတ်ကုသမှုပေးရန် ဖြစ်သော်လည်း အခြား ရောဂါဝေဒနာသယ်များအားလည်း လိုအပ်သော ကုသမှုများပေးလျက်ရှိပါသည်။

 

ဘာတွေ ဆောင်ရွက်ပေးလဲ။

ကူးစက်ကပ်ရောဂါ ကာလဖြစ်သဖြင့် ပဏာမ လူနာအဖြစ်ပြသ ကုသမှုခံယူမည့်လူနာအား ကိုယ် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရန်ကူညီပေးခြင်း၊ မျက်နှာဖုံး Mask တပ်ဆင်ပေးပြီး ကူးစက်ရောဂါ ကာကွယ်ရေး လိုအပ်သည့် social distancing အတွက်ကူညီစီစဥ်ပေးပါသည်။

 

ဖျားနာလူနာများအား သီးသန့် ခွဲခြားလျက် ယင်းမှ ကူးစက်နိုင်ခြေလျှော့ချရေးအတွက် စီစဥ်ပေးပါသည်။ လတ်တလော အခြေအနေများအရ လူနာ အများအပြား စောင့်ဆိုင်းလျက် စုပြုံမနေစေရန် လိုအပ်ပါက တိုကင်ယူ ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူရန် စီစဥ်ပေးပါသည်။

 

ထိုနောက် လူနာ၏ နေရပ်လိပ်စာနှင့် လူနာမှတ်ပုံတင်ခြင်း၊ လူနာ၏ ရာဇဝင်နှင့် ခရီးသွားရာဇဝင်မေးခြင်း၊ လိုအပ်သော စစ်ဆေးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး လိုအပ်ပါက ဆေးရုံသို့ ညွှန်းပို့ပေးနိုင်ရေး ချိတ်ဆက်ကူညီသည့်ပြင် အရေးပေါ် လူနာတင်ယာဥ်ကိုပါ စီစဥ်ထားရှိပေးပါသည်။

 

တည်ရာလိပ်စာတွေ  ကြည်ရှုရန် ထိပါ

FEVER CLINICS

 

Read times Last modified on Saturday, 06 June 2020 09:04
Rate this item
(0 votes)