What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 June 2020 10:26

မြန်မာ COVID-19 တိုက်ဖျက်ရေး ရောဂါစမ်းသပ်ပစ္စည်း ၇၅,၀၀၀ ကျော် ကုလကူညီခဲ့

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တိုက်ဖျက်ရေးမှာ အသုံးပြုဖို့ ရောဂါ ရှာဖွေစမ်းသပ်ပစ္စည်း TEST KIT ၇၅,၀၀၀ ကျော်ကို

ကုလသမဂ္ဂအဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ပေးအပ်ခဲ့ကြောင်းနဲ့ Unilever ကုမ္ပဏီကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ပူးပေါင်းပြီး ဆပ်ပြာခဲ ၆၀၀,၀၀၀ သိန်းကျော် ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂနဲ့ UNHCR တို့က ကြေညာချက် အသီးအသီး ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇွန်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းများ ရန်ပုံငွေ အစီအစဉ်အနေနဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အရှိန်အဟုန်နဲ့ ဆက်လက် ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ကုလအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 လူနာ ပထမဆုံး စတင်တွေ့ရှိချိန်ကစပြီး ရောဂါ စမ်းသပ်ကိရိယာပေါင်း ၇၃,၀၀၀ ကျော်ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို လှူဒါန်းခဲ့တယ်လို့လည်း ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပေးအပ်တဲ့ စမ်းသပ်ကိရိယာ ၃,၀၀၀ ကျော် မတ်လ နှောင်းပိုင်းမှာ ပထမဆုံး မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးတဲ့နောက် အလှူရှင်နိုင်ငံတွေ ဖြစ်တဲ့ ယူကေ၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ပေးအပ်တဲ့ ရန်ပုံငွေနဲ့ ကုလသမဂ္ဂက ရောဂါ စမ်းသပ်ကိရိယာ ၅၅,၀၀၀ ကျော်ကို ပေးအပ်ခဲ့ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ကလည်း စမ်းသပ် ကိရိယာ ၂၀,၀၀၀ ကျော်ကို လွန်ခဲ့တဲ့ နှစ်လအတွင်း နှစ်သုတ်ခွဲ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။


ပိုပြီးတိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့လည်း အလိုအလျောက် စမ်းသပ်နမူနာ ထုတ်ယူတဲ့စက် နှစ်လုံးကိုလည်း The Access to Health Fund အဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

UNHCR အဖွဲ့နဲ့ Unilever ကုမ္ပဏီတို့က ဇွန်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာလည်း COVID-19 ရောဂါ တိုက်ဖျက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေကိုလှူဒါန်းနေရာမှာ Unilever ကုမ္ပဏီက ဆပ်ပြာခဲ ၆၀၈,၀၀၀ ကို UNHCR အဖွဲ့ကတဆင့် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို ပို့ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒီ ပစ္စည်းတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ မိသားစုတွေနဲ့ လိုအပ်နေတဲ့ တစ်ခြား ရပ်ရွာလူထုကို ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

 

ျမန္မာ COVID-19 တိုက္ဖ်က္ေရး ေရာဂါစမ္းသပ္ပစၥည္း ၇၅,၀၀၀ ေက်ာ္ ကုလကူညီခဲ့

====

ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါ တိုက္ဖ်က္ေရးမွာ အသုံးျပဳဖို႔ ေရာဂါ ရွာေဖြစမ္းသပ္ပစၥည္း TEST KIT ၇၅,၀၀၀ ေက်ာ္ကို ကုလသမဂၢအဖြဲ႕အစည္းေတြက ျမန္မာ အစိုးရကို ေပးအပ္ခဲ့ေၾကာင္းနဲ႔ Unilever ကုမၸဏီကလည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR နဲ႔ ပူးေပါင္းၿပီး ဆပ္ျပာခဲ ၆၀၀,၀၀၀ သိန္းေက်ာ္ ျဖန႔္ေဝေပးသြားမွာ ျဖစ္ေၾကာင္း ကုလသမဂၢနဲ႔ UNHCR တို႔က ေၾကညာခ်က္ အသီးအသီး ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ႐ုံးက ဇြန္လ ၁၁ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္မွာ ကုလသမဂၢ အဖြဲ႕အစည္းမ်ား ရန္ပုံေငြ အစီအစဥ္အေနနဲ႔ COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရး ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈအေပၚ အရွိန္အဟုန္နဲ႔ ဆက္လက္ ေထာက္ပံ့ေပးေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ကုလအဖြဲ႕အစည္းေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာ COVID-19 လူနာ ပထမဆုံး စတင္ေတြ႕ရွိခ်ိန္ကစၿပီး ေရာဂါ စမ္းသပ္ကိရိယာေပါင္း ၇၃,၀၀၀ ေက်ာ္ကို က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကို လႉဒါန္းခဲ့တယ္လို႔လည္း ေျပာပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေပးအပ္တဲ့ စမ္းသပ္ကိရိယာ ၃,၀၀၀ ေက်ာ္ မတ္လ ေႏွာင္းပိုင္းမွာ ပထမဆုံး ျမန္မာႏိုင္ငံကို ေရာက္ရွိခဲ့ၿပီးတဲ့ေနာက္ အလႉရွင္ႏိုင္ငံေတြ ျဖစ္တဲ့ ယူေက၊ ဆြီဒင္၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ဆြစ္ဇာလန္ႏိုင္ငံေတြက ေပးအပ္တဲ့ ရန္ပုံေငြနဲ႔ ကုလသမဂၢက ေရာဂါ စမ္းသပ္ကိရိယာ ၅၅,၀၀၀ ေက်ာ္ကို ေပးအပ္ခဲ့ၿပီး ကုလသမဂၢ ကေလးမ်ား ရန္ပုံေငြ အဖြဲ႕ကလည္း စမ္းသပ္ ကိရိယာ ၂၀,၀၀၀ ေက်ာ္ကို လြန္ခဲ့တဲ့ ႏွစ္လအတြင္း ႏွစ္သုတ္ခြဲ ေပးအပ္ခဲ့တယ္လို႔ ေျပာပါတယ္။


ပိုၿပီးတိက်တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ႏိုင္ဖို႔လည္း အလိုအေလ်ာက္ စမ္းသပ္နမူနာ ထုတ္ယူတဲ့စက္ ႏွစ္လုံးကိုလည္း The Access to Health Fund အဖြဲ႕က ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

UNHCR အဖြဲ႕နဲ႔ Unilever ကုမၸဏီတို႔က ဇြန္လ ၁၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္မွာလည္း COVID-19 ေရာဂါ တိုက္ဖ်က္ရာမွာ မရွိမျဖစ္ လိုအပ္တဲ့ တကိုယ္ေရ သန္႔ရွင္းေရးဆိုင္ရာ ပစၥည္းေတြကိုလႉဒါန္းေနရာမွာ Unilever ကုမၸဏီက ဆပ္ျပာခဲ ၆၀၈,၀၀၀ ကို UNHCR အဖြဲ႕ကတဆင့္ လႉဒါန္းခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တကိုယ္ေရ သန္႔ရွင္းေရး ပစၥည္းေတြကို ကခ်င္ ျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြကို ပို႔ေဆာင္ေပးသြားမယ္လို႔ ေျပာပါတယ္။ အဲဒီ ပစၥည္းေတြကို ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူ မိသားစုေတြနဲ႔ လိုအပ္ေနတဲ့ တစ္ျခား ရပ္႐ြာလူထုကို ျဖန္႔ေဝသြားမွာ ျဖစ္ပါတယ္။

Read times Last modified on Friday, 12 June 2020 10:28
Rate this item
(0 votes)