What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 December 2020 20:00

မန္တလေးရှိ ဈေးလေးခုအား COVID-19 စည်းကမ်းများ လိုက်နာမှု ရှိ မရှိ စစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလေးမြို့ရှိ
နန်းတော်ရှေ့ဈေး၊

ညောင်ပင်ဈေး၊
ချမ်းအေးစည်သာဈေးနှင့်
မန်းမြို့ဈေးတို့၌
COVID-19 ကပ်ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆိုင်ရာ စည်း ကမ်းများ လိုက်နာခြင်းရှိ မရှိ ကြည့်ရှုစစ်ဆေးခြင်းကို မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက ဒီဇင်ဘ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဈေးနှင့် သားသတ်ဌာနတို ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဦးကျော်ရင်မြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“Face shield တွေ mask တွေ တပ်ကြဖို့ ပညာပေး အစီအစဉ်တွေ လုပ်ခဲ့တာ ကြာပါပြီ၊ ဒါပေ မယ့် ပေါ့ဆမှုတွေ မလိုက်နာမှုတွေလည်း ရှိခဲ့တော့ အခုက ပိုပြီး လေးနက်အောင်လို့ ဈေးရောင်း သူရော ဝယ်သူပါ အားလုံးက လိုက်နာလာအောင်လို့ ပိုပြီး ထိရောက်အောင် မန္တလေးတိုင်း ဒေသကြီး အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်မှာပါ၊ ဈေးသည်တွေ စည်းကမ်းပျက်ကွက်ရင် ပထမ အကြိမ် ဈေးဆိုင် သုံးရက် ပိတ်၊ ဒုတိယ အကြိမ်ဆို ခုနစ်ရက်ပိတ် စတဲ့ ပြစ်ဒဏ်စနစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကြိုတင်အသိပေး အရေးယူ ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်အရဒီဇင်ဘာ ၂၉ ရက်

နံနက် ၀၈း၃၀ နာရီတွင် နန်းတော်ရှေ့ဈေး၊

၀၉း၃၀ နာရီတွင် ညောင်ပင်ဈေးတို့ကို လည်းကောင်း၊

ဒီဇင်ဘာ ၃၀ ရက်

နံနက် ၀၈း၃၀ နာရီတွင် ၃၅ လမ်း၊ ဝါခင်းကုန်း ဘုရား အနီးရှိ ချမ်းအေးစည်သာဈေး၊

၀၉း၃၀ နာရီတွင် မန်းမြို့ဈေးတို့ကို လည်းကောင်း

မျက်နှာအကာများ ဝေငှပေးခြင်း၊ စစ်ဆေးခြင်းကို ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ တိုင်းကျန်းမာရေး ဦးစီးဌာန၊ ဌာနမှူး ဒေါက်တာ သန်းသန်းမြင့်နှင့် အဖွဲ့၊ မြို့တော်စည်ပင် သာယာ ရေး ကော်မတီဝင် ဈေးဌာန၊ ခေတ္တ ဌာနမှူး ဦးတင်စိုးနှင့် အဖွဲ့တို့ က ဦးစီးဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

Read times Last modified on Monday, 28 December 2020 20:10
Rate this item
(0 votes)