What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 14 June 2020 20:57

ကိုဗစ်လူနာ နေပြန်ကောင်းခဲ့ပြီး ဆေးကုသစရိတ် ဒေါ်လာ ၁ သန်းကျော် ကုန်ကျ

Michael Flor ဆေးရုံတွင် ရက်အကြာဆု့း ကုသမှု ခံယူခဲ့သော COVID-19 တစ်ဦး ဖြစ်သည်။

သူ ရောဂါ ပျောက်ကင်းခဲ့သဖြင့် အံ့စရာလူနာ ဟု ဆိုကြသည်။

ယခု မီလျံဒေါ်လာ လူနာဟု ဆိုကြသည်။

Flor သည် အသက် ၇၀ နှစ် ရှိပြီ။ တစ်ည၌ သူ သေရတော့ဆဲဆဲ အခြေအနေ ဆိုက်ရောက်သည်။ သူနာပြုဆရာမက ဖုန်းကို သူ့နားရွက်နားမှာ ကပ်ပေးပြီး မိသားစုနှင့် ဖုန်းပြောနိုင်အောင် လုပ်ပေးသည်။ Flor က နောက်ဆုံး နှုတ်ဆက်စကား ပြောဆိုခဲ့သည်။

နေပြန်ကောင်းပြီး ဆေးရုံမှ ဆင်းခါနီးတွင် ကုသမှု ကုန်ကျစရိတ် စာရင်း သူ့ဆီ ရောက်လာသည်။ စာရင်းကို ဖတ်ရှုရင်း သူ့နှလုံး အခုန်ရပ်လုနီးပါး ဖြစ်သွားခဲ့ရသည်ဟု သူက ပြောပြသည်။

ကုန်ကျစရိတ် စုစုပေါင်းသည် ဒေါလာ ၁ သန်း ကျော် ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ အတိအကျ ဆိုရသော် ဒေါ်လာ ၁ ၁၂၂ ၅၀၁ . ၀၄ ဖြစ်သည်။ ငွေတောင်းခံလွှာများသည် စာအုပ် တစ်အုပ်လို ဖြစ်နေသည်။ စုစုပေါင်း ၁၈၁ မျက်နှာ ရှိသည်။
ကိုဗစ်ကို ဆေးရုံပေါ်တွင် ၆၂ ရက်တိုင်တိုင် တိုက်ပွဲဝင်ခဲ့သည့် ကုန်ကျစရိတ် ဖြစ်သည်။
သို့သော် Flor အနေဖြင့် အကုန်လုံးကို ကျခံရန် မလိုပေ။ သူ့မှာ ကျန်းမာရေး အာမခံ ရှိသည်။ သို့ဖြစ်ရာ ကုန်ကျစရိတ် အများစုကို အာမခံလုပ်ငန်းမှာ ပေးချေမည် ဖြစ်သည်။ ကိုဗစ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံလည်း သူ့မှာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်များသည် ကိုဗစ်ကုသခြင်းအတွက်သာ ဖြစ်ပြီး အခြားရောဂါအတွက် တစ်ခုမှ မပါလျှင် သူ တစ်ပြားမှ ပေးရန် လိုမည် မဟုတ်ချေ။
သို့သော် ဒေါ်လာ တစ်သန်းကျော် ကုန်ကျသည့် အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို သူတို့ မိသားစု နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

သူ့ကို အထူးကြပ်မတ်ဆောင်ရှိ အခန်းတွင် ထားပြီး ကုသခဲ့သဖြင့် ၎င်းအခန်းခသည် တစ်ရက်လျှင် ဒေါ်လာ ၉ ၇၃၆ ကျသည်။ ဗိုင်းရပ်စ်သည် ကူးစက်တတ်သောအရာ ဖြစ်သဖြင့် အခန်းထဲ ဝင်လာသည့် ကျန်းမာရေးဝန်ထမ်းတို့သည် ပီပီအီးကို အပြည့်အစုံ ဝတ်ဆင်ကြရသည်။ ထို့ကြောင့် အခန်းခ ဈေးကြီးနေရသည်။ ထိုအခန်းတွင် ၄၂ ရက် ကုသခဲ့သဖြင့် စုစုပေါင်း ဒေါ်လာ ၄၀၈ ၉၁၂ ကျသင့်သည်။

အသက်ရှူစက်ကို သုံးပြီး အသက်ရှူခဲ့ရသည်မှာ ၂၉ ရက် ကြာသည်။ အသက်ရှူစက် သုံးစွဲခသည် တစ်ရက်လျှင် ဒေါ်လာ ၂၈၃၅ ကုန်ကျသည်။ စုစုပေါင်း ဒေါ်လာ ၈၂ ၂၁၅ ကုန်ကျသည်။

ဆေးရုံစရိတ် စုစုပေါင်း ဒေါ်လာ တစ်သန်းကျော်၏ လေးပုံတစ်ပုံသည် ဆေးဝါးခ ဖြစ်သည်။
ဆေးရုံစရိတ် စုစုပေါင်း ဒေါ်လာ တစ်သန်းကျော် သူ နေပြန်ကောင်းပြီးသည့်နောက် စောင့်ကြည့်ရသည့် ၂ ပတ် ဆေးရုံမှာ ဆက်လက်နေထိုင််ခဲ့ရသည့်အတွက် ကုန်ကျစရိတ်များ မပါဝင်ချေ။

"ကျွန်တော် အသက်ဆက်ရှင်နေတာအတွက် လိပ်ပြာမလုံ ဖြစ်မိတယ်။ ကျွန်တော် ဘာလို့ ဒီလောက်အထိ အကုန်ခံပြီး အသက်ဆက်ရှင်ချင်ရမှာလဲ" ဟု သူ့စိတ်ထဲ ဖြစ်ပေါ်မိကြောင်း Flor ကပြောသည်။

ငွေတောင်းခံလွှာ စာရင်းချုပ်သည် စုစုပေါင်း ၁၈၁ မျက်နှာ ရှိသည့်အနက် ၂၀ မျက်နှာသည် သူ့ကို အသည်းအသန်ကုသပေးခဲ့ရသည့် ၂ ရက်အတွက် ဖြစ်သည်။ ထို စာမျက်နှာ ၂၀ တွင် ကုန်ကျစရိတ်သည် ဒေါ်လာ တစ်သိန်းနီးပါး ရှိသည်။ ထို ၂ရက်တွင် သူ့ နှလုံး၊ ကျောက်ကပ်နှင့် အဆုတ်တို့သည် ကိုဗစ်ဖိစီးသဖြင့် အလုပ်မလုပ်တော့ချေ။ သူသည် သေလုမျောပါး ဖြစ်နေခဲ့သည်။ ကျန်းမာရေးဝန်ထမ်းတို့က ရတတ်သမျှတို့ဖြင့် နည်းလမ်းစုံသုံးစွဲကာ သူ့အသက်ကို ကယ်နိုင်ဖို့ ကုသပေးခဲ့ကြသဖြင့် ကုန်ကျစရိတ် ဒေါ်လာ တစ်သိန်းနီးပါး ၂ ရက်တည်းမှာ ကုန်ကျခဲ့ရသည်။

COVID-19 အတွက်သာဖြစ်သော ဘဏ္ဍာရေး အထူးစည်းမျဉ်းများ ရှိနေသည်။ ကွန်ဂရက်က အမေရိကန် ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ကို ဆေးရုံများနှင့် အာမခံလုပ်ငန်းများကို သီးသန့်ဖယ်ပေးထားသည်။ အာမခံ ထားရှိသည်ဖြစ်စေ မထားရှိသည်ဖြစ်စေ ဆေးရုံမှာ နေရာရှိပါက ဆေးရုံတက်ပြီး ကုသနိုင်အောင် ကူညီပံ့ပိုးပေးထားခြင်း ဖြစ်သည်။ ဆေးစစ်ခံရန်အတွက်လည်း အဆိုပါ ရန်ပုံငွေမှ ကျခံပေးသည်။
သို့ဖြစ်ရာ Flor အနေဖြင့် အိတ်ထဲမှ စိုက်ထုတ်ပြီး ဆေးရုံစရိတ်ကို ပေးအပ်ဖို့ လိုချင်မှ လိုလိမ့်မည်။

 

Read times
Rate this item
(1 Vote)