What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 May 2020 09:47

ကာတာမှာ မတ်စ် မတပ်လျှင် ထောင်ဒဏ် ၃ နှစ်

ပင်လယ်ကွေ့နိုင်ငံ ဖြစ်သော ကာတာနိုင်ငံ ၌ လူပေါင်း ၃၀,၀၀၀ ကျော် အတည်ပြုလူနာ ဖြစ်လာခဲ့ပြီးသည့်နောက်တွင်ကမ္ဘာပေါ်တွင် မတ်စ် မဝတ်ဆင်ခြင်းအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ်များကို ပြဌာန်းလိုက်သည်။ 

 

ကိုဗစ် ကူးစက်မှု ကာကွယ်တားဆီးရေးအတွက် ပြဌာန်းထားသည်များကို မလိုက်နာပါက အမေရိကန်ဒေါ်လာ ၅၅၀၀၀ ဒဏ်ငွေချမှတ်လျက် ရှိသည်။ ထို့ပြင် ကာတာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ကို ရင်ဆိုင်နေရသောကြောင့် အများပြည်သူ မတ်စ်ဝတ်ဆင်ရန် ပျက်ကွက်ခြင်းကြောင့် ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်သည့် ပြင်းထန်သောပြစ်ဒဏ်ချမှတ်မှုကို ကာတာအစိုးရက တနင်္ဂနွေနေ့ (မေလ ၁၇ ) တွင် စတင်ခဲ့သည်။

 

လူပေါင်း ၃၀,၀၀၀ ကျော်သည် Covid-19 လူနာ ဖြစ်နေသည်မှာ အလွန်သေးငယ်သောပင်လယ်ကွေ့နိုင်ငံဖြစ်သော ကာတာနိုင်ငံတွင် ရှိနေသည့် လူဦးရေ ၂.၇၅ သန်း၏ ၁.၁% ဖြစ်နေပြီး ယခုအချိန်အထိ ကိုဗစ်လူနာ ၁၅ ယောက်သေဆုံးခဲ့ပြီးပြီ ဖြစ်သည်။

 

ကာတာ၏ စည်းမျဉ်းသစ်ကို ချိုးဖောက်သူများသည် ထောင်ဒဏ်သုံးနှစ်အထိနှင့်ဒဏ်ငွေဒေါ်လာ ၅၅၀၀၀ အထိ ပြစ်ဒဏ်ကျခံရလိမ့်မည် ဖြစ်သည်။

 

ကားထဲတွင် ယာဉ်မောင်းတစ် ဦး တည်းသာ ပါလျှင် မတ်စ် မတပ်ဘဲ နေခွင့် ပေးထားသော်လည်း တစ်ယောက်ထက် ပိုပါနေလျှင် မတ်စ်ကို မဖြစ်မနေ ဝတ်ဆင်ထားရမည် ဖြစ်သည်။ လိုအပ်သလို စစ်ဆေးရန် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စီမံချက်ကို အကောင်အထည်ဖော်နေသည်။

 

ကာတာအာဏာပိုင်များက မွတ်စ်လင်မ် အစားရှောင်ခြင်းဥပုသ်လတွင် ဝတ်ပြုရန် လူသူစုရုံးမှုများသည် ကူးစက်မှုကို တိုးပွားစေနိုင်သည်ဟု သတိပေးထားသည်။ အိမ်နီးချင်းဆော်ဒီအာရေဗျသည် coronavirus ကို တိုက်ဖျက်ရန် ယခုလနှောင်းပိုင်းတွင် ကျရောက်မည့် အစ်နေ့တစ်ဝိုက်တွင် ၅ ရက်ကြာ ၂၄ နာရီပတ်လည် ကာဖျူး ထုတ်ပြန်မည်ဖြစ်ကောင်း အသိပေးကြေညာထားသည်။

 

ကာတာနိုင်ငံတွင် အာဏာပိုင်တို့က လူချင်း ခပ်ခွာခွာနေသော စည်းမျဉ်းများကို ပြဌာန်းထားပြီး မလိုက်နာသူများကို အရေးယူနေသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ပြင်ဆင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့် ပေးထားရသည်။

 

မတ်လလယ်တွင် ဆောက်လုပ်ရေးလုပ်သားများအကြား ကူးစက်မှုများစွာရှိကြောင်း အတည်ပြုပြီးနောက် သောင်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများကို ဒိုဟာမြို့၏စက်မှုဇုန်ဧရိယာ၌ သီးသန့်ထားရှိပြီး ကွာရင်တိုင်း ထားခဲ့သည်။ သို့သော် ၂၀၂၂ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်မှုများ အချိန်မီ ပြီးစီးဖို့ လိုအပ်သဖြင့် အာဏာပိုင်များသည် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ကိုဗစ်လူနာသစ်အများစုမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်နေသည်ကို တွေ့ရပြီး ကာတာ နိုင်ငံသား လူနာသစ်မှာ အနည်းအကျဉ်းသာ ရှိသည်။

 

နေထိုင်ရသည့်နေရာတွင် လူကျပ်ခြင်း၊ ချက်ပြုတ်စားသောက်သည့်နေရာတွင် လူစုမိခြင်း၊ အိမ်သာ ရေချိုးခန်းတို့ကို လူအများ အတူမျှ သုံစွဲရခြင်းတို့သည် ကိုဗစ်ကူးစက်မှုကို ဖြစ်ပွားစေသည်ဟု သုံးသပ်ကြသည်။ တာဝန်ရှိသူများက ဆောက်လုပ်ဆဲ အားကစားကွင်း ၃ ခုမှ ဆောက်လုပ်ရေးလုပ်သားများးသည် အလွန်ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အတည်ပြုလူနာ ဖြစ်နေကြောင်း တွေ့ရပြီးချိန်တွင် ဧပြီလ ၂၆ ရက်မှစ၍ ဆောက်လုပ်ရေးလုပ်သားများ မတ်စ် မတပ်မနေရ ပြဌာန်းခဲ့သည်။

 

လက်ရှိတွင် နိုင်ငံပေါင်း ၅၀ ခန့်တွင် မတ်စ် တပ်ဆင်ခြင်းသည် မဖြစ်မနေလိုအပ်သည်။ ချဒ်နိုင်ငံရှိအာဏာပိုင်များသည် လူကြားထဲ သွားလာစဉ် မတ်စ် မတပ်ဆင်က ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးသည်။ မော်ရိုကိုနိုင်ငံ တွင် အလားတူစည်းမျဉ်းများကို ချိုးဖောက်သူများကို သုံးလထောင်ချသည့် အပြင် ဒဏ်ငွေ ဒရစ်ဟမ် ၁၃၀၀ (ဒေါ်လာ ၁၃၀) အထိ ချမှတ်နိုင်သည်။

Read times
Rate this item
(0 votes)