What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 June 2020 21:24

တိုင်းနှင့်ပြည်နယ် ၁၆ ခုအနက် ခုနစ်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်

တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင် သွားပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင် COVID- 19 လူနာများရှိခဲ့သော တိုင်းနှင့် ပြည်နယ် ၁၆ ခုအနက် ယခုအခါ တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရောဂါပိုး ကင်းစင်သွားပြီဖြစ် သည်။

 

အဆိုပါတိုင်းနှင့်ပြည်နယ် ခုနစ်ခုမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့ဖြစ်သည်။ မတ်လ ၂၃ ရက်က စတင် ဖြစ်ပွားခဲ့သော COVID-19 ရောဂါသည် လက်ရှိတွင် မြန်မာ နိုင်ငံရှိ မြို့နယ် ၃၃၀ အနက်၅၇ မြို့နယ်တွင် ပိုးတွေ့လူနာ များရှိသည်။


ဇွန်လ ၄ ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID- 19 လူနာ ၂၃၄ ဦးရှိပြီဖြစ်သည်။ ယင်းအနက် ခြောက်ဦးသေဆုံး ခဲ့ပြီး ရောဂါပိုးကင်းစင်သွားသူမှာ မူ ၁၄၅ ဦးရှိသည်။ အဆိုပါ ရောဂါပိုးကင်းစင်သူ ၁၄၅ ဦးအနက် ၁၃၂ ဦးမှာ ဆေးရုံဆင်း ခွင့်ရရှိပြီး သတ်မှတ်နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုနေသည်။

 

ထိုသို့ ရောဂါပိုးကင်းစင် သွား သော လူနာများပြားလာခြင်းမှာ သက်ဆိုင်ရာဆရာဝန်ကြီးများမှ လူနာအခြေအနေပေါ် မူတည်၍ ကုသမှုများပေးနိုင်ခြင်း၊ တရုတ် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ လာရောက်၍ အတွေ့အကြုံများ မျှဝေပေးခြင်းနှင့် ကုသမှုပေးနေ သည့်ဆရာဝန်ကြီးများမှ Video Conferencing ဖြင့် ကုသမှုပိုင်း ဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ ကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောထားသည်။

 

7day news

Read times
Rate this item
(0 votes)