What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 August 2020 20:33

တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၉-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁9:၀၀) နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -

• တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၉,၄၆၂,၁၁၂) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၇၂၂,၂၈၅) ဦး ရှိပါသည်။

 

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါမည်။

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။

(ဂ) (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

Image may contain: text that says 'မြန်မာနိုင်ငံ၊ အိမ်နီးချင်းနှင့် အာရှဒေသ COVID-1 ဖြစ်ပွားမှု အခြေအနေမှာ ဖြစ်ပွားသူဦးရေ လူဦးရေ (သန်းပေါင်း)* (၈-၈-၂၀၂၀) ရောဂါကြောင့် သေဆုံးသူဦးရေ (၉-၈-၂၀၂၀) ပါကစ္စတန် အတွင်း ၁၆၈.၁ လူနာအသစ် ၂၈၄ ဖိလစ်ပိုင် အင်ဒိုနီးရှား တရုတ်ပြည်သူ့ ၂၆၉.၅ ၆၀၇၄ ၃၃၆၅ ၂၂၀၉ ၅၆၅၈ ၈၉၁၅၁ ၆၉.၃ ၄၆၈၈ ၅၄၉၂၉ ၃၃၄၈ ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ပြည်သူများအနေဖြင့် ပေါ့ဆမှု မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါမည်။ တတ်နိုင်သမျှ နေရာများသို့ မလိုအပ်ဘဲ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန် (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန'

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read times
Rate this item
(0 votes)