What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 August 2020 13:33

ရုရှားနိုင်ငံတွင် ရရှိထားသော coronavirus ကာကွယ်ဆေးကို WHO စစ်ဆေးသုံးသပ်ပေးမည်

ရုရှားနိုင်ငံတွင် ရရှိထားသော coronavirus ကာကွယ်ဆေး၏ အစွမ်းအပေါ် လက်တွေ့စမ်းသပ်မှုများကို စစ်ဆေးသုံးသပ်ပေးရန် အသင့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

သမ္မတဗလာဒီမာပူတင်က လူပေါင်း ၂၀၀၀ ကျော်ပါဝင်သည့် နောက်ဆုံးအဆင့်စမ်းသပ်မှုကို ဩဂုတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင်သာ စတင်မည်ဖြစ်သော်လည်း သူက အင်္ဂါနေ့တွင် ရုရှားသည်ပထမဆုံးကာကွယ်ဆေးကို အတည်ပြုသည့်နိုင်ငံဖြစ်ကြောင်း ကြေငြာခဲ့သည်။

618_Zaw_Yè_Naing_Family.png

 

အလားအလာရှိသော ကာကွယ်ဆေး ၁၅၀ ကျော်မှ ၂၈ ခုသည် လူများနှင့် လက်တွေ့စမ်းသပ်ဆဲဖြစ်သည်ဟု WHO ကပြောကြားသည်။ ၆ ခုသည် အဆင့် ၃ သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

 

ရုရှားကာကွယ်ဆေးကို Gamaleya သုတေသနဌာနနှင့်ကာကွယ်ရေး ၀န်ကြီးဌာနတို့က တီထွင်ခဲ့ပြီး လက်တွေ့အကဲဖြတ်စစ်ဆေးမှုတွင် ၂၈ ခုအနက်တစ်ခုအပါအ၀င် ဖြစ်သော်ငြားလည်း WHO မှ ထုတ်ပြန်သော စာရင်းတွင် အဆင့် ၁ စာရင်၌သာ ပါဝင်သည်။

660 Biz Partner Group Co

 

 

 

COVID-19 ကာကွယ်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့သို့တိုးတက်မှုအားလုံးကို WHO က ကြိုဆိုကြောင်းလည်း ထပ်လောင်း ပြောကြားသည်။

 

By Myanmar Health Products Guide

Ref: AFP

 

Read times Last modified on Friday, 14 August 2020 16:55
Rate this item
(1 Vote)