What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 11:12

တခါသုံး Face Mask ရောင်းချသော ဆိုင်များ အမြတ်အစွန်း အနည်းငယ်သာယူ၍ ရောင်းချပေးကြပါရန် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တိုက်တွန်းနှိုးဆော်

ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်နေသော Covid-19 ကပ်ရောဂါသည် မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိရာတွင် ယခင်အပတ်အထိ ကူးစက်မှုများကို ထိန်းချုပ်နို်ငခဲ့သည့်အတွက် လူနာအသစ်တွေ့ရှိမှုနည်းပါးသဖြင့်

ပြည်သူများအတွင်း တခါသုံး Face Mask သုံးစွဲမှု နှင့် တခါသုံး Face Mask တင်သွင်းမှုများသည် မြန်မာနို်ငငံအတွင်း လျော့နည်းကျဆင်းလျှက် ရှိသည့်အားလျှော်စွာ စျေးကွက်တွင်လည်း တခါသုံး Face Mask Stocks များသည် စျေးကွက်လိုအပ်ချက်အတိုင်းသာ လျော့နည်းလျှက်ရှိကြပါသည်။

 

သို့သော် ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်းသတိပေးချက်များနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု ပြန်လည်အစပြု ဖြစ်ပွားလာသည့်အတွက် လူနာသစ်များ တွေ့ရှိလာမှုနှင့် စောင့်ကြည့်လူနာအရေအတွက် များပြားလာမှုအပေါ် အများပြည်သူများမှ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြပြီး တခါသုံး Face Mask ဝယ်လိုအားများ ပြန်လည်မြင့်တက်လာမှုကြောင့် စျေးနှုန်းပြန်လည် ကြီးမြင့်လာခြင်းနှင့် စျေးကွက်တွင် ဝယ်ယူရန် ခက်ခဲခြင်းတို့ ရှိလာကြောင်း ကြားသိရပါသည်။

 

သို့ဖြစ်ပါ၍ တခါသုံး Face Mask တင်သွင်းရောင်းချသော အသင်းဝင်ကုမ္ပဏီများနှင့် လက်လီလက်ကား အရောင်းဆိုင်များ အနေဖြင့် ပရဟိတစိတ်ဓါတ်ဖြင့် အမြတ်အစွန်း အနည်းငယ်သာယူ၍ သင့်တင့်မျှတသောစျေးနှုန်းများ ဖြင့် ပြည်သူ့ကျန်းမာရေး အကျိုးရှေးရှုကာ ရောင်းချပေးကြပါရန် မိမိတို့အသင်းမှ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ် ပါသည်။

 

ပြည်သူများအနေဖြင့်လည်း ရုတ်တရက် ပစ္စည်းပြတ်လပ်မှုရှိမည်ကို စိုးရိမ်ကြောင့်ကြမှု မရှိကြပါရန်နှင့် Panic Buying (စိုးရိမ်စိတ်ဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း)မျိုး မလုပ်မိကြပါရန်လည်း သတိပေးအပ်ပါသည်။

 

Image may contain: text

Read times
Rate this item
(0 votes)