What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 20:11

(၂၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

(၂၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ (၂၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၄၀) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၂၇) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၀၉) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊
စုစုပေါင်း (၈၉၁)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။

၂။ (၂၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၄၁) ဦး ရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၁)ဦး (Case- 360) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၈) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၃၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

Image may contain: text that says 'လူနာ အမှတ် စဥ် အသက် ကျား/ မ ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု (၂၂-၈-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီ COVID-19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှု နေရပ်လိပ်စာ ပြည်ပသို့ ခရီးသွား 436 ကျား ဆေးကုသမှု ခံယူစေမည့်ဆေးရုံ COVID-19 ဓာတ်ခွဲအဖြေ 437 ၇၃နှစ် မှတ်ချက် ကျား မရှိ 438 ၄၃နှစ် မ တွေ့ရှိ မရှိ 439 စောင့်ကြည့်လူနာ ၁၅နှစ် မ မရှိ စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရခိုင်ပြည်နယ် တွေ့ရှိ မရှိ 440 စောင့်ကြည့်လူနာ ၂၆ နှစ် မရှိ ကျား တွေ့ရှိ မရှိ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံ၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ၊ မြောက်ဦးမြို့ 441 စောင့်ကြည့်လူနာ ၂၇နှစ် ကျား တွေ့ရှိ မရှိ (C-408) ရှိ (C-408) စောင့်ကြည့်လူနာ တွေ့ရှိ မရှိ တွေ့ရှိ အသွားအလာ ကန့်သတ်ထားရှိသူ (မြောက်ဦးမြို့)'

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၁-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၂-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် (၄၀) ဦးရှိပါသည်။

Read times Last modified on Saturday, 22 August 2020 20:16
Rate this item
(0 votes)