What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 September 2022 15:28

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉၄၆ ဦးထပ်မံတွေ့ရှိ

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉၄၆ ဦးထပ်မံတွေ့ရှိ MDN

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၉၄၆ ဦး ထပ်မံရှိကြောင်း ယနေ့တွင် တရားဝင်ထုတ်ပြန်ဖော်ပြထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၄၄၃၆၃၃၉ ဦးရှိလာသည်ဟု သိရသည်။

telegram1.jpg

အစောပိုင်းနေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၂၃၁ ဦးရှိရာမှ ရောဂါကူးစက်မှုမြင့်တက်လာခြင်း ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၆၂၇၄၈ ဦး ရှိကြောင်း၊ ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး ၃၇ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂၇၉၁၁ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၈၄၅၆၈၀ ရှိသည်ဟု သိရသည်။

MDN 

#Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(0 votes)