What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 23:07

တစ်နာရီအတွင်း ၇ ဦး စစ်ဆေးပေးနိုင်သည့်စက် စစ်တွေသို့ လေကြောင်းဖြင့် ပေးပို့ထား

တစ်နာရီအတွင်း ၇ ဦး စစ်ဆေးပေးနိုင်သည့်စက် စစ်တွေသို့ လေကြောင်းဖြင့် ပေးပို့ထား တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ

ပိုမိုများပြားလာနေသည်။  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း (COVID-19) ရောဂါတွေ့ရှိရမှု အခြေအနေများသည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများမှတစ်ဆင့် ပြည်သူများအကြား တိတ်တဆိတ်ရောဂါပြန့်နှံ့မှုဖြစ်ပွားပြီး ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသော ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက် အကူပြုဆေးပစ္စည်းများကို ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်ရာတွင် Surgical Mask ၆၀၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၂၅၀၀ စုံ၊ N95 Mask၂၅၀၀ ခု၊  Goggles  ၂၅၀၀ ခု၊ Examination Glove ၄၀၀၀ ခု၊ Surgical Glove ၃၀၀၀ ခု၊ Face  Shield ၂၀၀ ခု၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ Non Contact Infrared Thermometer  ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium  Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit  ၁ လုံးနှင့် Test Kit ၂၀၀ ချောင်းတို့ကို နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ ၎င်းပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရယူသည်။ထို့နောက် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊  Goggles  ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face  Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared  Thermometer ၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ 

အဆိုပါ ပေးပို့သည့်ပစ္စည်းများတွင် Pockit Central Nucleic Acid Analyzer စက်ပါ တစ်ပါတည်းပါရှိသွားကြောင်း၊ ၎င်းစက်သည် Reagents များအသုံးပြုကာ RT- PCR သဘောတရားအတိုင်း SARS-CoV-2  ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအား ရှာဖွေသော စက်ဖြစ်ပြီး စစ်ဆေးကြိမ် တစ်ကြိမ်လျှင် တစ်နာရီခန့်ကြာမြင့်ကာ တစ်ကြိမ်လျှင် အများဆုံး ၇ ဦး စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ သံသယ လူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ဝေးကွာခက်ခဲခြင်း၊ သွားလာမှုအချိန်၊ လူ၊ နေရာ၊ ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည့်အတွက် တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ စစ်တွေမြို့သို့ ယခုကဲ့သို့ ပို့ဆောင်ခြင်းဖြစ်ပြီး စစ်တွေမြို့နယ်မြေခံတပ်မတော် ဆေးရုံ၌ထားရှိကာ အဆိုပါစက်ဖြင့် COVID-19 ရောဂါပိုးအတည်ပြု စမ်းသပ်စစ်ဆေးမှုများအား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

တပ်မတော်အနေဖြင့် စစ်တွေမြို့နယ်အတွင်း (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရင်းမြစ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

Read times
Rate this item
(0 votes)