What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 August 2020 09:03

ကမာရွတ်မြို့နယ်နေ လူနာအမှတ် ၄၆၄နှင့် ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန Yangon Regional Health department မှ

လူနာအမှတ် ၄၆၄ နှင့် ၄၆၅ တို့နှင့် ပတ်သက်၍ သတင်းအမှား ထွက်ပေါ်နေသဖြင့် သတင်းအမှန်ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

သတင်းအမှန်​အားအသိ​ပေးဖော်ပြခြင်း
ရန်ကုန်တိုင်း​ဒေသကြီးတွင် ၂၀ရက်​နေ့မှစ၍ ယ​​နေ့၂၄ရက်​နေ့အထိ ရခိုင်ပြည်နယ် စစ်​တွေမြို့၊ သံတွဲမြို့၊​ကျောက်ဖြူမြို့တို့မှ ​လေ​ကြောင်း၊ကုန်း​ကြောင်းဖြင့် လာသူ ၅၄၂ ဦးအား Quarantine ထားရှိထားပြီး ဓာတ်ခွဲနမူနာစစ်​ဆေးခြင်းများ​ဆောင်ရွက်​ပေး​နေပါသည်။
ယ​နေ့ ပိုး​တွေ့ရှိရ​သော လူနာအမှတ် ၄၆၄ နှင့် ၄၆၅ တို့မှာ စစ်​တွေမှရန်ကုန်သို့ ၂၀ ရက်​နေ့တွင် ​​လေ​ကြောင်းလိုင်းမှဝင်​ရောက်ခဲ့သဖြင့် ချက်ချင်းပင် ​လေဆိပ်မှ Quarantine Center ​သို့ပို့​ဆောင်ပြီး စစ်​ဆေး​ပေးခဲ့ရာ ​ရောဂါရှိ​ကြောင်းအတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခု အင်တာနက်စာမျက်နှာများတွင်ပျံ့နှံ့​နေ​သော ​ရပ်ကွက်သတင်း​ပေးမှုဖြင့် Q ဝင်ခဲ့ရခြင်း ၎င်းနေထိုင်ရာ ​ရန်ကုန်ရှိနေရာအားLockdown လုပ်ထားသည်ဟု ​ရေးသား​ဖော်ပြခြင်းမှာ သတင်းအမှားသာဖြစ်​ကြောင်းအသိ​ပေးအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

စစ်တွေမြို့မှ ရောက်လာသူ ၂၉၀ ကျော် လှိုင်တွင် Quarantine ခံယူ

Read times Last modified on Tuesday, 25 August 2020 09:08
Rate this item
(0 votes)