What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 19:20

COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စမည်

ယခု COVID-19 ရောဂါကူးစက် ထားသူ (၈၅) ဦး တွေ့ရှိထားပါပြီ။ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ဖို့ အတွက် လိုအပ်ချက်တွေလည်း ပိုမို ထင်ရှား၊ တိကျစွာ ပေါ်လွင် လာပါတယ်။

 

အရေးကြီးဆုံး ကတော့ အခြေအနေတွေကို အားလုံးရှင်းလင်းစွာ နားလည်ဖို့ လိုအပ် ချက် ပါပဲ။ COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန် ပါမယ်။ အားလုံး အတွက် တစ်ပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ်။

 

ကျန်း မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ ကိုလည်း ရပ်ရွာထဲမှာ တစ်နေ့ (၅) ကြိမ် လှည့် အော်ပါမယ်။ သေသေ ချာချာ နားထောင်၊ လိုက်နာ စေချင်ပါတယ်။

 

အရေးကြီးတဲ့ကိစ္စနောက် တစ်ခုက quarantine နဲ့ပတ်သက်ပါတယ်။ အချို့က quarantine ကိုသိပ်ကြောက် နေ ကြပါတယ်။ လွတ်လွတ် လပ်လပ် မသွားမလာရမှာကို မ နှစ်မြို့ တာလား၊ quarantine ခံရရင် “ရောဂါရှိတဲ့ လူတွေနဲ့ နေ ရမယ်၊ သူတို့ကနေ ရောဂါကူး လာမယ်”၊ လို့တွေးပြီး ပူကြတာလား။ ဒုတိယအချက်ကို ကြည့်ကြပါစို့။

 

ယခု ရောဂါရနေသူတွေထဲမှာ ကိုယ့်အိမ်နေသူတွေထံမှ ကူးခဲ့တာကလည်းမနည်းပါဘူး။ Quarantine ထားတာ အခြားသူတွေ (ကိုယ့်ရဲ့မိသားစုအပါအ ဝင်) ကို မကူးအောင်လို့နဲ့၊ ရောဂါလက္ခဏာတွေ့တာနဲ့ ကုသမှုပေးနိုင်ဖို့ပါ။ Quarantine ကထွက်ပြေးတဲ့နောက် COVID-19 က တန်းလန်းပါလာရင် ဘယ့်လောက် ဆိုးမ လဲ စဉ်းစား ကြည့်ပါ။

 

လွတ်လွတ်လပ်လပ် မသွားမလာရခြင်းနဲ့ပတ်သက်လို့ အတွေ့အကြုံ ရှိဘူးသူ တစ်ယောက် အနေနဲ့ အားပေးစကားလေးပါး ပါရစေ။ ဒါတွေဟာပြီးသွားတာပဲ။ ပြန်ကြည့် လိုက်ရင်၊ “ခံနိုင်ခဲ့တယ်”ဆိုတဲ့အင်အားကတော့ကျန်ခဲ့ပါတယ်။ (၃)ပတ်ကို သည်းခံလိုက်ပါ။ နောင်အတွက် အင်အားဖြစ်နိုင်ပါတယ်။

 

ယနေ့ကျွန်မတို့ အတွက် အရေးကြီး အင်အားတွေ ဖြစ်တဲ့ ရှေ့တန်းက ကျန်းမာရေး ဝန်ထမ်းတွေ၊ quarantine volunteer တွေရဲ့ ဆောင်ရွက်ချက်တွေကို လက်တွေ့ကျကျ အသိအမှတ်ပြု၊ ပံ့ပိုးဖို့ အစီအစဉ်တွေလည်း ရက်ပိုင်းအတွင်း အကောင် အထည် ဖေါ်ပါမယ်။

 

ဒီသင်္ကြန် အတက်နေ့မှာ စိတ်မွန်းကြပ် နေတဲ့ ကျွန်မတို့ ပြည်သူတွေ အမြန်ဆုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကောင်းကျိုး လိုအင်ဆန္ဒ အဝဝနဲ့ ပြည့်စုံနိုင်ကြ ပါ စေ။

 

Daw Aung San Suu Kyi (Facebook)

Read times
Rate this item
(0 votes)