What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 August 2020 13:38

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ မြို့ မဈေး ကြီးအတွင်း ရောင်းချနေသာ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သေ

 

ာ နှာခေါင်းစည်း(Mask)၊ Hand Gel ၊ Face Shield ၊ လက်အိတ်များကို ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရန်၊ စာသောက်ကုန်များနှင့် ဆေးဝါး များကိုလည်း သတ်မှတ် စံချိန်စံညွှန်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးမြင့်ကြည် ပြောကြားချက်အရ သိရသည်။

 

မင်းဘူးမြို့မှ ရခိုင်ပြည်နယ်သို့ မင်းဘူး-အမ်း တောင်ကြားလမ်းဖြင့် ဆက်သွယ်ထား ပြီး နယ်နိမိတ်ခြင်း ထိစပ်နေသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံမှုများ မြင့်များနေသောကြောင့် ရောဂါကြိုတင်ကာကွယ်ရေးသုံး ပစ္စည်း များကို ဈေးနှုန်း မြှင့်တင်ရောင်းချနေမှုများမရှိစေရန် ဆောင်ရွက်ခြင်း ဖြစ် ကြောင်း သိရသည်။


Information and Public Relation Department

Read times
Rate this item
(0 votes)