What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 July 2020 17:14

မတ်လမှ ၅ လအတွင်း ကျပ်သိန်းပေါင်း ၁၈,၄၉၄ သိန်းကျော် လှူဒါန်းခဲ့တဲ့ Pacific-AA Foundation

ယနေ့ (၁၈.၇.၂၀) စနေနေ့တွင် AA Medical Products Ltd., Pacific-AA Foundation မှ US$-517,209 (ကျပ်သိန်းပေါင်း - 7644.5သိန်း) တန်ဖိုးရှိတဲ့ COVID-19 ရောဂါရှာဖွေ ရေးဆေးရည် reagent နှစ်မျိုးနှစ်စား COVID-19 အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ကို လှူဒါန်းခဲ့ပါတယ်။

 

ပထမ တစ်မျိုးကတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) မှာသုံးနေတဲ့ Roche Cobas 6800 analyzer စက်နဲ့ တွဲဖက် သုံးစွဲရတဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့နဲ့စစ်ရတဲ့ ရောဂါရှာဖွေရေးဆေးရည် (reagent) လူပေါင်း 16,080 ဦး စစ်နိုင်ရန်လှူဒါန်းခဲ့ပါသည်။
ထို လှူဒါန်းမှုတန်ဖိုးကတော့ US$402,000/- ဖြစ်ပါသည်။

 

Image may contain: one or more people, people standing and text

 

 

ဒုတိယတမျိုးကတော့ COVID-19 ရောဂါ ကိုယ်ခံအားထွက်ခြင်းရှိမရှိကို သွေးကနေ စစ်ဆေးလို့ ရတဲ့ Roche Cobas e 411, Cobas e 601 analyzer စက်တွေနဲ့ တွဲဖက်သုံးစွဲရမဲ့ Anti SARS-CoV-2 Elecsys reagent test 50,000 စာကို လှူဒါန်းခဲ့ပါသည်။ ထို Antibody/Serology Test 50,000 စာအတွက် လှူဒါန်းမှုတန်ဖိုးကတော့ US$125,208.64/- ဖြစ်ပါသည်။

 

Image may contain: one or more people and text


အဆိုပါ ကိုယ်ခံအားထွက်မထွက် စစ်ရသော COVID-19 Antibody/serology test 50,000 ကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ သုတေသနပုံစံဖြင့် သွေးအလှူရှင်များ အား စစ်ဆေးရန်နှင့် အခြားလူနာများကို စစ်ဆေးကုသရေးလုပ်ငန်းများအတွက် လိုအပ်သလို အသုံးပြုနိုင်ရန်ဖြစ်ပါသည်။

 

၎င်းအပြင် Antibody/Serology test 26,000 ကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံ ခုတင်(၁၀၀၀)နှင့် နေပြည်တော်စစ်ဆေးရုံ ခုတင်(၁၀၀၀)သို့လည်း လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

 

ထို့အပြင် AA Medical Products Ltd နှင့် Pacific-AA Foundation တို့မှ Covid ကာလအတွင်း Face Mask အခုရေ တစ်သန်း နှစ်သိန်း (1.2 million pcs) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့၎င်း၊ အခြား COVID-19 ရောဂါ ကာကွယ်ရေးနှင့်ကုသရေး ဆေးဝါးများကို၎င်း၊ လှူဒါန်းခဲ့ရာ......

မြန်မာပြည် COVIDကာလ မတ်လမှ ယနေ့ထိ (၅)လအတွင်း လှူဒါန်းမှုစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (18,494) သိန်းကျော်ရှိခဲ့ပါသည်။

No photo description available.

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုကြောင့် လူအသေအပျောက်နည်းခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှုနည်းခြင်းကြောင့် မြန်မာနိုင်ငံ၏ အခြေအနေတည်ငြိမ်နေခြင်းအတွက် ပြည်သူတစ်ယောက်အနေဖြင့် များစွာကျေးဇူးတင် ဂုဏ်ယူမိပါတယ်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါရှာဖွေ ကုသထိန်းချုပ်ရေးလုပ်ဆောင်ချက်များတွင် AA Medical Products Ltd နှင့် Foundation မှ အုပ်တစ်ချပ် သဲတပွင့် ပါဝင်ခွင့်ရရှိခဲ့သည့်အတွက်လည်း ကြည်နူးပီတိဖြစ်မိပါသည်

 

AA Medical Products Ltd

Read times Last modified on Saturday, 18 July 2020 17:22
Rate this item
(0 votes)