What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 September 2020 09:28

Covid 19 ရောဂါပိုးတွေ့ရှိသူ နေရပ်ပြန် မြန်မာသင်္ဘောသားသုံးဦးအား ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသလျက်ရှိ

Covid 19 ရောဂါပိုးတွေ့ရှိသူ နေရပ်ပြန် မြန်မာသင်္ဘောသားသုံးဦးအား ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသလျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၃၀ ရက် နံနက်ပိုင်း ဓာတ်ခွဲစစ်ဆေးချက်အဖြေ သတင်းထုတ်ပြန်ချက်အရ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားကာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် နေရပ်ပြန်မြန်မာသင်္ဘောသား အမျိုးသားသုံးဦးအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ဆောင်တွင် အထူးကြပ်မတ် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်္ဘောသားများမှ case 747၊ case 748 နှစ်ဦးမှာ ဩဂုတ် ၁၉ ရက်က တောင်အာဖရိကနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသည့် MV-KOUYOU သင်္ဘောမှဆင်းလာသော (၁၉)ဦးအဖွဲ့မှဖြစ်ပြီး case 749 မှာ ဩဂုတ် ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသည့် MT STEADFAST သင်္ဘောမှဆင်းလာသော (၁၄)ဦးအဖွဲ့မှ ဖြစ်ကြောင်း၊ အဆိုပါသင်္ဘောသားများကို ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ရက်ထားရှိ ကန့်သတ်စောင့်ကြည့် ခံယူလျက်ရှိရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ၎င်းတို့သည် ကော့သောင်းဒေသခံများ မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ သင်္ဘောသား (၃)ဦးအား ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်များဖြင့် ၎င်းတို့ Quarantine စခန်းများဖြစ်သည့် ဟိုတယ်အသီးသီးမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

MDN

Read times Last modified on Tuesday, 01 September 2020 09:45
Rate this item
(0 votes)