What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 12:01

ကိုရိုနာရောဂါ ကုသနိုင်ရန် ဆရာဝန် နှင့် သူနာပြု ၁၇၀၀၀ ကျော်အား VR နည်းပညာဖြင့် လေ့ကျင့်

90251442_832926683874316_4730726126572273664_n.png

 

Oxford Medical Simulation မှ ( Virtual Reality Healthcare Training ) လက်တွေ့ ဘဝနီးနီး ရုပ်မြင် ကျန်းမာရေးစောင့်ရှောက်မှု လေ့ကျင့်ခြင်းကို စတင်ကာ ဆရာဝန်နှင့် သူနာပြု အယောက် ၁၇၀၀၀ အား အွန်လိုင်းက တစ်ဆင့် ကျန်းမာရေး ပြုစုစောင့်ရှောက်နိုင်ရန် VR နည်းပညာဖြင့် လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

 

ဘာလို့ လက်တွေ့ လေ့ကျင့်မှု့ မပေးနိုင်ပဲ VR နည်းပညာ အသုံးပြုရတာလဲ ဆိုတော့ ကမ္ဘာတစ်ဝှမ်း ကိုရိုနာရောဂါ ဖြစ်ပွားမှုကြောင့် ဆေးရုံများမှာ ကိုရိုရောဂါ ဖြစ်ပွားသူများ အပြည့် ဖြစ်နေပြီး ဆေးပညာစမ်းသပ်ရေး ကိရိယာတွေမှာလဲ သုံးစွဲသူ အပြည့်ဖြင့် မအားလပ်သောကြောင့် ဖြစ်ပါတယ်။

 

ဆေးပညာ ဘက်ဆိုင်ရာ VR နည်းပညာ အကြောင်း မပြောရသေးခင် သာမန် VR အကြောင်းကို အနည်းငယ်ရှင်းပြပါရစေ။ VR ကတော့ Virtual Reality ( လက်တွေ့ ဘဝ နီးနီး ရုပ်မြင် ကိစ္စရပ် ) လို့ အဓိပ္ပါယ် ရပါတယ်။ VR မှာ သင်ဟာ လက်တွေ့ ဘဝမှာ တကယ်မရှိနေတာကို VR နဲ့ ကြည့်ပြီ ဆိုပါတော့ သင့်အနေနဲ့ လက်တွေ့ ဘဝမှာ မဖြစ်နိုင်တာတွေရော ဖြစ်နိုင်တာတွေရော ကို သင့်အမြင် မျက်စိရှေ့ မှာ မြင်ရခြင်းကို ဆိုလိုပါတယ်။

 

ဥပမာအားဖြင့် VR ကို ရုပ်ရှင်များ တီဗီဂိမ်းများမှာ အသုံးပြုကြပြီး သိပ္ပံနည်းပညာ ကိစ္စရပ်တွေမှာ အသုံးပြု ကြတာတွေ့ရပါတယ်။ NASA က ဆိုရင် အာကာသဆိုင်ရာ လမ်းကြောင်း ကို VR ဖြင့် ပြသတာတွေ့ရပါတယ်။ အမေရိကန်စစ်တပ်မှာဆိုရင်လဲ ယခင်ကတည်းက VR နဲ့ သင်ကြားမှုကို ဆောင်ရွက် နေတာပါပဲ။

 

ယခုဆေးကုသလေ့ကျင့်ရေးမှာ အသုံးပြုမည့် VR ကဆိုရင်တော့ နာမည်မှာ A virtual reality (VR) medical training system လို့ အမည်ပေးထားပြီး Oxford Medical Simulation ( OMS ) မှ အဆိုပါ VR ကို ပုံဖော်ထားတယ်သိရပါတယ်။

 

၎င်း VR မှာကိုရိုနာဗိုင်းရစ် ကြောင့် နာမကျန်းဖြစ်သော လူနာများကို ကျန်းမာရေး ပြုစု စောင့်ရှောက်ရာတွင် လက်တွေ့ အသုံးချ နည်းလမ်းတွေကို လေ့ကျင့်နိုင်ရန် အဓိကထည့်သွင်း ထားတယ်သိရပြီး လက်ကျိုးတဲ့ လူနာကို ဘယ်လိုပြုစုစောင့်ရှောက်မယ် ၊ နှလုံးရောဂါနဲ့ လူနာကို ဘယ်လိုပြုစု စောင့်ရှောက်ရမယ် စတဲ့ ဆေးဝါးကုသ စောင့်ရှောက်ရေး နည်းလမ်းတွေပါဝင်ပါတယ်။

 

ယခုဆိုရင်တော့ ၎င်း VR လေ့ကျင့်ရေး ကို အမေရိကန် , ကနေဒါ နှင့် အင်္ဂလန်နိုင်ငံ တို့ မှာ အခငွေ ပေးစရာ မလိုပဲ အသုံးပြု လေ့ကျင့် နိုင်ရန် ဆောင်ရွက်ပေးထားတယ်သိရပါတယ်။၎င်းတို့ ရဲ့ ရည်ရွယ်ချက် မှာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းများ ၊ ဆရာဝန်များ ၊ သူနာပြု များ ကို ဆေးနယ်ပယ်ထဲ ယခုလို ဖြစ်နေချိန်လွယ်ကူစွာ ပြန်ဝင်ရောက် လာနိုင်ရန် ရည်ရွယ်တယ်သိရပါတယ်။

 

OMS မှ သမားတော်ဖြစ်သူ ဒေါက်တာ Jack Pottle ပြောကြားချက်အရ ‘ ယခု VR ဖြင့် ကျန်းမာရေးစောင့်ရှောက် လေ့ကျင့်ခြင်းက လူတွေကို လေ့ကျင့် ရာမှာ လွယ်ကူ စေတယ်၊ မြန်ဆန်စေပါတယ်တဲ့ ဒါ့ကြောင့် အငြိမ်းစား ယူသွားကြတဲ့ ဆရာဝန်တွေ ၊ သူနာပြု တွေဟာ ဆေးပညာ လောကကို ပြန်ဝင်လာကြပါတယ် ‘ လို့ ပြောကြားပါတယ်။

 

အခုလို ကမ္ဘာအနှံ့အပြား ကူးစက်ရောဂါဖြစ်နေတဲ့ အချိန်မှာ ဆေးတက္ကသိုလ် နဲ့ သူနာပြု တက္ကသိုလ်မှ ကျောင်းသားလေးတွေကို VR နဲ့ စနစ်ကျကျ သင်ကြား နိုင်ခြင်း ကြောင့် ကျောင်းသားတွေ အနေနဲ့ အန္တရာယ်ကင်းစွာ သင်ယူနိုင်တော့မည့်အပြင် VR က ယခု လူအများဖြင့် ၆ ပေအကွာက ခွဲခြားနေခြင်းထက်တောင် ကျောင်းသားတွေအတွက် အကျိုးရှိမှာပါလို့ Rory Meyers သူနာပြု ကျောင်းမှ အုပ်ချုပ်မှု့ ဒါရိုက်တာ Natalya ကပြောကြားခဲ့ပါတယ်။

 

တကယ်တန်းမှာလဲ ဒီ VR ကျန်းမာရေးစောင့် ရှောက်မှု့ လေ့ကျင့် ခြင်းဟာ လက်တွေ့မှာ သင်ကြားနေသလိုပါပဲ လေ့ကျင့်သူတွေအနေနဲ့ တွေးတော လာနိုင်မယ် ၊ ကိစ္စ ရပ်တွေမှာ ဆုံးဖြတ်ရတာတွေပါလာမယ် ဒါ့ကြောင့် လေ့ကျင့်သူတွေအတွက် လုံးဝ အကျိုး ရှိစေမှာပါ။

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)