What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 September 2020 10:08

မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ဦးရေ ၁,၀၀၀ ကျော် ရှိလာ

COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ယနေ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ တွင် အတည်ပြုလူနာအသစ် ၆၃ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဆိုပါ အတည်ပြုလူနာ ၆၃ ဦးအပါအဝင် လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 အတည်ပြု လူနာဦးရေ စုစုပေါင်း ၁,၀၅၈ ဦးထိ ရှိလာပါတယ်။

 

အဆိုပါ အတည်ပြုလူနာ ၆၃ ဦးသည် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် ၁၅ မြို့နယ် မှ ၃၆ ဦး နှင့် တခြားပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ၂၇ ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စက်တင်ဘာ ၂ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၁၄၄)ခု အား စစ်ဆေးပြီးစီးခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၅၂)ခု အား စစ်ဆေးခဲ့ပါတယ်လို့လည်း သိရပါတယ်။ ဓာတ်ခွဲနမူနာ ပြုလုပ်ခဲ့ပြီးနောက် COVID-19 အတည်ပြု လူနာဦးရေ စုစုပေါင်း ၁,၀၅၈ ဦးထိ ရှိကြောင်း ကျန်းမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ခွဲအတည်ပြု လူနာဟောင်းများတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ နှစ်ဦးရှိလာပြီး စုစုပေါင်း ရောဂါပိုးကင်းစင်သူဦးရေ ၃၅၉ ဦးရှိလာတယ်လို့လည်း သိရပါတယ်။ ၎င်းတို့အနက် ၃၄၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာများကို မတ်လ ၂၃ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်တွင် COVID 19 အတည်ပြုလူနာစုစုပေါင်း ၁,၀၅၈ ဦး ၊ ရောဂါပိုးကင်းစင်သူဦးရေ ၃၅၉ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း သိရပါတယ်။

 

By Aung Win (Myanmar Health Products Guide)

Read times
Rate this item
(0 votes)