What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 March 2020 21:01

လာအိုတွင် Full Lockdown မတ်လ ၃၀ ရက် စမည်

90251442_832926683874316_4730726126572273664_n.png

 

လာအို အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ်ရုံး ဝန်ကြီး Chalern Yapaoher ဦးဆောင်သော သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ COVID-19 အတွက် Full Lockdown လုပ်ကိုင်မည့် အစီအစဉ်ကို အသေးစိတ် ပြောကြားခဲ့သည်။

 

အစိုးရဝန်ထမ်းများသည် ဧပြီလ ၁ ရက်မှ ၁၁ ရပ်အထိ အိမ်မှ အလုပ်လုပ်ကြရမည်။ ထို့နောက် နှစ်သစ်ကူး အားလပ်ရက်ရှည်အဖြစ် ဧကြီလ ၁၉ ရက်အထိ သတ်မှတ်ပေးသည်။ စစ်တပ်၊ ရဲတပ်ဖွဲ့၊ အခြားလုံခြုံရေးတပ်ဖွဲ့၊ မီးသတ်၊ ရေနှင့်လျှပ်စစ် ကုမ္ပဏီဝန်ထမ်းများ၊ မီဒီယာများ၊ ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများတို့သည် အလုပ်ခွင်သို့ ဝင်ရောက်နိုင်ကြပြီး ရောဂါကူးစက်ပျံ့ပွားမှုကို တိုက်ခိုက်ကြမည် ဖြစ်သည်။

 

နေထိုင်ရာအိမ်မှ အပြင်ထွက်မည်ဆိုလျှင် မရှိမဖြစ် ပစ္စည်းများ ဈေးဝယ်ရန်၊ ဆေးရုံပြသရန်၊ ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် ၊ အစိုးရမှ လိုအပ်ချက်များအရ အပ်နှင်းသောတာဝန်ကို ထမ်းဆောင်ရန် အတွက်သာ ဖြစ်ရမည်။ လယ်ယာလုပ်သားများသည် သူတို့၏ နေ့စဉ်အလုပ်များကို ဆက်လက်လုပ်ကိုင်ခွင့် ရှိသည်။


ရွာမှူးတို့သည် ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာကြစေရန် တင်းကျပ်စွာ ကြီးကြပ်ကြရမည်။ အိမ်အပြင်မှာ လူဘယ်နှဦး ရောက်ရှိနေသည်ကို စာရင်းမှတ်သားထားရမည်။  တစ်နယ်မှ တစ်နယ်သို့ ခရီးသွားလာရန် ခွင့်မပြု။ သက်ဆိုင်ရာ အာဏာပိုင်တို့က စစ်ဆေးရေးစခန်းများ ထားရှိပြီး အသွားအလာကို စိစစ်ပေးရမည်။


ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှုအားလုံးကို ယာယီ ရပ်ဆိုင်းထားရမည်။ ကုန်သိုလှောင်ပြီး ဈေးကစားခြင်းကို တားမြစ်သည်။ ပိုးကာကွယ်ရေးသုံး ပစ္စည်းများ ဈေးတင် ရောင်းချခြင်း တားမြစ်သည်။ နေ့စဉ် စားသုံးသည့် စားသောက်ကုန်များ ဈေးတင်ရောင်းချခြင်း တားမြစ်သည်။ ဖောက်ဖျက်ပါက ရဲမှ ဖမ်းဆီးအရေးယူရမည်။ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ချမှတ်ရမည်။

 

သတင်းအမှား ဖြန့်ချိခြင်း တားမြစ်သည်။ တလွဲသတင်း ဖြန့်ချိခြင်း၊ လူအများ စိုးရိမ်ထိတ်လန့်အောင် ပြုသည့်သတင်းများ ဖြန့်ချိခြင်းတို့ကိုလည်း တားမြစ်သည်။ ကျူးလွန်သူကို အရေးယူရန် အသင့်ရှိရမည်။ ၁၀ ဦးထက် ပိုသော လူစုရုံးခြင်းမှန်သမျှ တားမြစ်သည်။

 

အသုဘချလျှင် တက်ရောက်သူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ နှစ်မီတာအကွာတွင် နေစေခြင်း၊ မတ်စ် ဝတ်ဆင်ခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း တို့ကို ဆောင်ရွက်ရမည်။ ပြည်ဝင်ပေါက်များ အားလုံး ပိတ်ထားရမည်။ ခွင့်ပြုချက် ရသည့် ကုန်တင်ယာဉ်များသာ နယ်ခြား ဖြတ်သန်းခွင့် ရှိမည်။

 

ဆေး၊ ဆေးပစ္စည်းကိရိယာ၊ အခြားမရှိမဖြစ် လူသုံးကုန် ထုတ်လုပ်သည့် စက်ရုံများမှအပ ကျန်စက်ရုံများ အားလုံး ပိတ်ထားရမည်။ ဖွင့်သော စက်ရုံတွင် ပိုးမကူးစေရန် တင်းကျပ်စွာ ကြပ်မတ်ရမည်။

 

ဖွင့်ခွင့် ပြုထားသော လုပ်ငန်းများမှာ ဘဏ်လုပ်ငန်း၊ ငွေကြေးအဖွဲ့အစည်းများ၊ စတော့ဈေးကွက်၊ စတော့ပွဲစား၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်၊ ကယ်ဆယ်ရေးလုပ်ငန်း၊ အမှိုက်သိမ်းလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန် ဈေးများ၊ စတိုးဆိုင်၊ စူပါမားကက်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ စက်သုံးဆီအရောင်းဆိုင်။

 

ဟိုတယ်နှင့် အပန်းဖြေစခန်းများ ဆက်လက်လုပ်ကိုင်နိုင်သော်လည်း တည်းခိုရန်နှင့် အစားအသောက်တို့အတွက်သာ ဖြစ်ရမည်။ အခြားဝန်ဆောင်မှုများ ရပ်ဆိုင်းထားရမည်။ ဒေသဆိုင်ရာ အာဏာပိုင်တို့က လိုအပ်သလို ဆင့်ပွားအမိန့်ပြဋ္ဌာန်းချက်များ ထုတ်ပြန်ရမည်။

 

ဤအမိန့်ကို တနင်္လာနေ့ မတ်လ ၃၀ ရက်မှာ စတင်မည်ဖြစ်ပြီး ဧပြီလ ၁၉ ရက်အထိ ဖြစ်သည်။

Written By Do Jay Sann

Read times Last modified on Sunday, 29 March 2020 21:17
Rate this item
(1 Vote)