What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 06 September 2020 08:06

နံနက်(၈:၀၀) နာရီ (၆-၉-၂၀၂၀) ရက်နေ့၊COVID-19 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နံနက်(၈:၀၀) နာရီ (၆-၉-၂၀၂၀) ရက်နေ့၊COVID-19 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ (၈၉၇)ခု နှင့်
- ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၂၀၅) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ(ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၃၅၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- စုစုပေါင်း (၁,၄၇၄)ခု အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၆) ဦး တွေ့ရှိရပါသည်။
၂။ (၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၃၁၉) ဦးရှိပြီ ဖြစ်ပါသည်။
၃။ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ (Case – 1236) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တ ရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါ အခံ ရှိပြီး (၅-၉-၂၀၂၀) ရက်နေ့၊ ညနေ (၂:၅၅) နာရီအချိန်တွင် သေဆုံးခဲ့ပါ သည်။
၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈)ဦး ရှိပါသည်။
၅။ (၅-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁၆၄၂)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၅၂) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၉၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၂) ခု၊
- စုစုပေါင်း (၃,၁၆၅)ခု အား စစ်ဆေးခဲ့ပါသည်။
၆။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။
 
 
Read times Last modified on Sunday, 06 September 2020 08:46
Rate this item
(0 votes)