What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 October 2020 20:12

ICU/HDU ဧရာဝတီစင်တာ ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့မှ ငွေကျပ် သိန်း(၁၅၀၀၀) ထပ်မံမတည်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာ (၇)ရက်နေ့မွန်းလွဲပိုင်းက

မကြာမီဖွင့်လှစ်မည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီ စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။ 

ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၅၀)ကျော်တို့က စက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို အနီးကပ်ကြပ်မတ်ကုသပေးနိုင်တော့မည် ဖြစ်ပါသည်။ ထို့အပြင် HDU ကုတင်(၅၀)အဆောင်သစ်တစ်ခုကိုလည်း ဒုတိယအဆင့်အနေဖြင့် ဆောက်လုပ်လျက်ရှိပြီး ICU/HDU (၁၂၅)ကုတင်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

 

ICU.jpg

 

ICU_1.jpg

 

ICU_2.jpg

 

ICU_3.jpg

 

ICU_5.jpg

 

ICU_TITLE.jpg

 

ICUI_55.jpg

 

 

 

Read times
Rate this item
(0 votes)