What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 April 2020 20:28

ရန်ကုန်တိုင်းအစိုးရ လုပ်ဆောင်မှု‌ကြောင့် ပြည်သူတွေစိတ်ဝမ်းကွဲရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အင်းစိန်တွင် လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျွန်မတို့ ပြည်သူတွေကြား စိတ်ဝမ်းကွဲကြရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်လို့ နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဧပြီ (၁၄)ရက်မနေ့တွင် သူ၏ လူမှုကွန်ယက်စာမျှက်နှာပေါ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

 

ဒေါ်အောင်ဆန်းစုကြည်က "လွန်ခဲ့တဲ့ (၂၄)နာရီ အတွင်းမှာ COVID-19 ရောဂါ ကူးစက် နေသူ (၂၁)ဦး ထပ်တွေ့ရှိ ခဲ့ပါတယ်။ ဒီအပတ်နဲ့ နောက် အပတ် အ တွင်းမှာ ရောဂါ ပျံ့နှံ့မှု နှုန်း များလာနိုင်မယ် ဆိုတာ ကျွန်မတို့ မှန်းဆ ထားပြီးဖြစ်လို့ ပြည် သူ တွေကိုလည်း သတိပေး ခဲ့ပါတယ်။ စိတ်တွေကို ပြင်ထား စေချင်လို့ပါ။ ကျန်းမာရေး စောင့်ရှောက်မှု ဘက်ကတော့ နိုင်ငံတော်က အ တတ်နိုင်ဆုံး ပြင်ဆင် ထား ပါ တယ်လို့ ၎င်းကပြောသည်။

 

ဆက်လက်၍ ရောဂါကူးစက်ထားသူ အရေအတွက် များလာတော့ စိုးရိမ်ကြောင့်ကြ မှုတွေလည်း များလာပါတယ်။ Quarantine နေရာ ကနေ ထွက်ပြေးဖို့ ကြိုးစား တာတောင် ရှိတယ်ဆိုတာ သိကြမှာပါ။ ရောဂါပိုး ဝင်နေပြီ ဆိုရင် ထွက်ပြေးလို့ မ လွတ်ပါဘူး။ စောစော သိပြီး စောစော ဆေးကုခံယူတာ အကောင်းဆုံး ပါ။ COVID-19ဟာ ကုလို့ရနိုင်တဲ့ ရောဂါပါ။ စော စောသိမှ စောစောကုသနိုင်ပြီး၊ ပျောက်နိုင်ခြေပိုများမှာပါ။ ဒါကြောင့် ရှောင်ပြေးခြင်းဟာ ကာယကံရှင်အတွက် အန္တ ရာယ် များပါတယ်၊ အခြားသူတွေအတွက်လည်း အန္တရာယ် များပါတယ်။


စိုးရိမ်စိတ်တွေ ကြီးလာတာနဲ့အမျှ၊ ဒေါသတွေလည်းကြီးလာကြပါတယ်။ COVID-19 ကိုတိုက်ဖို့ လိုတဲ့အင်အား တွေ ကိုကိုယ့်အချင်းချင်း တိုက်ဖို့ မသုံး ကြပါနဲ့။ အင်စိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျွန်မတို့ ပြည်သူတွေကြားစိတ်ဝမ်းကွဲကြ ရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒေါသတွေကို ဖျောက်ကြပါ။ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသား အဆင့် ဗဟို​ကော်မတီ ဥက္ကဌ အနေနဲ့ ကျွန်မ ဒီကိစ္စကို မှန်ကန် မျှတအောင် ဖြေရှင်းဖို့ တာဝန် ယူပါမယ်။


ပြည်သူတွေက ကျွန်မတို့ အားလုံးရဲ့ ဘုံရန်သူ ဖြစ်တဲ့ COVID-19ကို အောင်နိုင်ဖို့ ကိုသာညီညီ ညွတ်ညွတ် နဲ့ လုပ်ကြပါ။ ယခုအချိန်မှာ အရေးကြီးဆုံး လိုအပ်ချက် တစ်ခုက quarantine ကိစ္စ ကိုထိထိ ရောက်ရောက် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ အစိုး ရဌာနတွေ၊ ဝန်ထမ်းတွေ ချည်း လုပ်ရတါ မနိုင်မနင်းဖြစ်နေပါတယ်။ မေတ္တာ၊ စေတနာ၊ သတ္တိ တို့နဲ့ဝိုင်းဝန်း ကူညီ ကြတဲ့ လူ ငယ် တွေရဲ့ လုပ်အားက ကြီးမားတဲ့ အထောက် အပံ့ ဖြစ်ပါတယ်။


ဒီလို နိုင်ငံ့ သားကောင်း သမီးကောင်း တွေကို အများကြီးကျေးဇူး တင်ပါကြောင်း ရေးသားထားသည်။ ထိုအပြင် သင်္ကြန်ရေ မစိုရတဲ့ အတာပွဲမှာ မေတ္တာရေနဲ့ အေးကြပါစေလို့ ဆု‌တောင်းပေး ရေးသားထားသည်ကိုလည် တွေ့ရှိရသည်။

ဇော်မင်းနိုင် (ဒီပဲယင်း)

 

Read times Last modified on Tuesday, 14 April 2020 21:26
Rate this item
(2 votes)