What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 September 2020 10:36

စနစ်တကျ Home Q ကြမယ်။

အခုလတ်တလော ကြားရတဲ့ သတင်းတွေကတော့ စိတ်ရှုပ်စရာ သတင်းတွေပါပဲ။

 

ပြည့်သူ့ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေကို သုံးပုံတစ်ပုံလောက် လျော့ချလိုက်ပါပြီ။ လူနာတွေအတွက်တော့ ဒုက္ခပေါ့။

 

PUI လို့ခေါ်တဲ့ စောင့်ကြည်လူနာတွေ အလွန်များပြားနေလို့ နေရာအခက်အခဲတွေ ရှိနေတယ်လို့ အရေးပေါ်ဌာနက ဆရာဝန်ကြီး ဆရာမော်မော်ဦးကလဲ တရားဝင်ပြောလိုက်ပါပြီ။

 

နယ်တွေမှာဆိုလဲ ဆေးရုံမှာထားစရာနေရာမရှိတော့လို့ ပြဿနာက မသေးပါဘူး။ ၂၅ ကုတင်ဆန့် မြို့နယ်ဆေးရုံမှာ ကိုဗစ်လူနာချည်းပဲ ၂၅ ယောက်မကလို့ ကျန်တဲ့ကိုဗစ်မဟုတ်တဲ့ လူနာတွေကို လှည့်တောင်မကြည့်နိုင်လောက်အောင် ဖြစ်နေရပါတယ်။

 

ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေလဲ အများအပြား facility Q ဝင်နေရပြီး လုပ်အားတွေလဲ ထိခိုက်လှပါပြီ။


မနေ့က Q ဝင်ရမယ့် ဆရာဝန်မလေးတစ်ယောက်နဲ့ online မှာ စကားပြောဖြစ်ပြီး အခု Hotel Q တွေအားလုံးပြည့်နေပြီဖြစ်ကြောင်း၊ FQ တွေလဲအားလုံးပြည့်ကျပ်ညပ်နေလို့ နေရာအသစ်အသစ်တွေ တက်သုတ်ရိုက်ရှာနေရကြောင်းတွေ ပြောဖြစ်ကြပါတယ်။

 

တိုးချဲ့ ဆေးရုံ၊ တိုးချဲ့Q စင်တာဆိုတာ စာရွက်ထဲသာ ချက်ချင်းတိုးချဲ့လို့ရတာ၊ တကယ်မှာ ဘယ်လောက်လိုအပ်ချက်တွေများမလဲဆိုတာ ဒီနိုင်ငံမှာနေတဲ့ ကိုယ့်ပြည်သားတွေက မြန်မာအထာပေါက်ပြီးသားမို့ ထူးပြီးမပြောတော့ပါဘူး။

 

ဒီလို မနိုင်မနင်း ကြပ်ညပ်သပ်နေတဲ့ အချိန်မှာ ကျွန်တော် အကြံလေးတစ်ခု ပေးပါရစေ ခင်ဗျား။

 

အစိုးရအနေနဲ့လဲ ဝန်ထုတ်ဝန်ပိုး တစ်ခုလျော့၊ လူတွေလဲ ဒုက္ခသက်သာအောင်ပါ။

 

အဲ့တာကတော့ နိုင်ငံတကာနည်းတူ Q ရက်ကို ၁၄ ရက်ကို လျော့ချဖို့က တစ်ချက်ပါ။

 

နောက်တစ်ချက်ကတော့ FQ အစား HQ များများ ပေးဖို့ပါ။ ပိုးတွေ့လူနာနဲ့ ထိတွေ့မိတဲ့သူတွေကို အန္တရာယ်ကင်းတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး HQ ပေးဖို့ပါ။

 

HQ ရင် လူတွေက လိုက်နာမှာမဟုတ်ဘူးဆိုပြီး အတော်များများကပြောကြပါတယ်။ ဒါကြောင့် HQ ပေးမပေးကို သတ်မှတ်ချက်စည်းကမ်းလေးတွေ စနစ်တကျရေးဆွဲပြီး သတ်မှတ်ဘောင်ထဲဝင်ရင် HQ ပေးဖို့ပါ။

 

အကြံပြုချက်ကတော့

၁။ Q ရမယ့်သူ ကိုယ်တိုင်က HQ လုပ်ချင်သလား၊ မလုပ်ချင်ဘူးလား သဘောထားမေးသင့်ပါတယ်။ တချို့က အိမ်သားတွေ ကူးမှာအရမ်းစိုးရိမ်ပြီး ကိုယ်တိုင်က FQ သွားချင်ရင်လဲ သဘောပါ။ ကိုယ်တိုင်က HQ ဆန္ဒရှိရင် အမှတ်ပေးပါ။

 

၂။ အိမ်သားတွေက လက်ခံမခံ မေးမြန်းပြီး အမှတ်ပေးပါ။ မိသားစု တစ်ခုထဲဆို ပြဿနာမရှိပေမယ့် မိသားစု ဆွေမျိုးတွေ စုပေါင်းနေတာဆိုရင် ပြဿနာရှိနိုင်တာမို့ ကိုယ့်အိမ်သားတွေက ကိုယ့် HQ ကို လက်ခံမခံ အမှတ်ပေးပါ။

 

၃။ အိမ်နဲ့ အနေအထား၊ အခန်းသီးသန့်ရှိ မရှိ။ အမှတ်ပေးပါ။

 

၄။ အိမ်ရဲ့ အရွယ်အစားနဲ့ လူဦးရေကို အမှတ်ပေးပါ။

 

၅။ အိမ်မှာ ခံနိုင်ရည်နည်းတဲ့ သက်ကြီးရွယ်အို ရှိမရှိ အမှတ်ပေးပါ။

၆။ Q ဝင်မယ့်သူရဲ့ ပညာအရည်အချင်း၊ ရောဂါကို နားလည်နိုင်မှု ရှိမရှိ အမှတ်ပေးပါ။

၇။ ရပ်ကွက်လူကြီးတွေနဲ့ အိမ်နီးနားခြင်းတွေရဲ့ HQ ဝင်မယ့်သူရဲ့ စည်းကမ်းလိုက်နာနိုင်မှုကို ထောက်ခံမှု ရှိမရှိ အမှတ်ပေးပါ။

၈။ အမှတ်ပေးစနစ်အရ HQ ပေးရန် ဆုံးဖြတ်ပါက လိုက်နာရမည့် စည်းကမ်းများကို အတိအကျလိုက်နာရန် ခံဝန်ရေးထိုးခိုင်းရန်

 

၉။ ခံဝန်ရေးထိုးပြီး ဖေါက်ဖျက်ပါက ဥပဒေအရ တရားစွဲ အရေးယူမည့်အကြောင်း သိသာစေရန်

၁၀။ home Q စည်းကမ်းကို ဖေါက်ဖျက်ပါက ဓါတ်ပုံ၊ ဗီဒီယို အထောက်အထားဖြင့် အမှန်တကယ် အရေးယူရန်။

 

အဲ့လို စနစ်တကျလေး စဉ်းစားဆုံးဖြတ်ပါက ကြပ်ညပ်နေတဲ့ FQ စင်တာတွေ အတိုင်းအတာ တခုအထိ ပြေလည်ဖွယ်ရှိပါတယ်လို့ ထင်မြင်ချက် ပေးပါရစေ ခင်ဗျား။

FQ တွေ ရှိရမယ့် အင်္ဂါရပ်နဲ့ မကိုက်ညီရင် ကြပ်ညပ်နေရင် အဲ့ဒီကြမှ ရောဂါကူးနိုင်ပါတယ်။ တစ်ယောက်တစ်ခန်းလဲ နေရတာမဟုတ်တော့လေ။

အခုအခြေအနေက လူတိုင်း အချိန်မရွေး Q ထိနိုင်တာမို့ ထောက်ခံတယ်ဆိုရင်လဲ များများသာ ရှဲကြပါ။


Drmyo

drmyothetaung

Read times Last modified on Monday, 07 September 2020 16:38
Rate this item
(0 votes)