What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 September 2020 21:30

စမ်းချောင်းမြို့နယ်မှ အတည်ပြုလူနာသုံးဦး နောက်ဆုံးရသတင်း

စက်တင်ဘာ (၇) ရက်နေ့ ၊ (၀၈:၀၀) နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန​၏ သတင်းထုတ်ပြန်ချက်ပါ စမ်းချောင်းမြို့နယ် မှ

SarsCoV-2 ပိုးတွေ့သူ သုံးဦးဟု ပါရှိခဲ့ပါသည်။ အဆိုပါသုံးဦးအနက် တစ်ဦးမှာ Case-1129 နှင့် အတူနေသူ ကျွန်းတော (တောင်)ရပ်ကွက် ချမ်းသာလမ်း အိမ်အမှတ် (၁၇)(၁/အေ) နေသူ တစ်ဦး နှင့် စစ်တွေမြို့ အိုးတန်းရပ်ကွက် ၊ အမှတ် (၁၃၅) ကမ်းနားလမ်း တွင် နေထိုင်သူ နှစ်ဦးတို့ဖြစ်ကြပါသည်။ စမ်းချောင်း ကျွန်းတော (တောင်) ချမ်းသာလမ်း နေသူ ၏ တိုက်အားစက်တင်ဘာ (၄) ရက်နေ့ကတည်းက Lockdown ချထားခဲ့ပြီးဖြစ်သည်။
အထက်ဖေါ်ပြပါ စစ်တွေမှ နှစ်ဦးမှာ စက်တင်ဘာ (၃) ရက်နေ့က စစ်တွေမြို့မှ မြန်မာ့လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၄၀၂) နှင့်ရန်ကုန်မြို့သို့ (၁၈:၀၀) နာရီတွင် ရောက်ရှိခဲ့ကြပြီး လေဆိပ်မှ City Hotel သို့ တိုက်ရိုက်သွားရောက်ကာ ဟိုတယ် ကွာရတင်းယူနေသူနှစ်ဦးဖြစ်သည်။ ၎င်းတို့နှစ်ဦးဖေါ်ပြခဲ့သော ရန်ကုန်ရောက်လျှင်တည်းခိုမည့်စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်ရှိ အိမ်သို့ရောက်ရှိ ခဲ့ခြင်းလုံးဝမရှိသေးပါကြောင်းသိရှိရပါသည်။
ရင်းမြစ် ဦးဘိုဘိုဦး လွှတ်တော်ကိုယ်စားလှယ်

Read times
Rate this item
(0 votes)