What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 March 2020 08:55

Wuhan ကို ဧပြီလ ၈ ရက်နေ့တွင် lockdown ဖယ်ရှားပေးမည်

Conavirus ဖြစ်ပွားမှု၏ ဗဟိုဖြစ်သော Wuhan ကို ဧပြီလ ၈ ရက်နေ့တွင် lockdown ဖယ်ရှားပေးမည်

ကမ္ဘာလုံးဆိုင်ရာ coronavirus ကူးစက်ရောဂါ စတင်ခဲ့ သည့်တရုတ် - Wuhan တွင်lockပြီ ၈ ရက်မှစ၍ lockdown ပိတ်သိမ်းခြင်းပြုမည်ဟု အစိုးရက အင်္ဂါနေ့ကကြေငြာခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်မှစ၍ တရုတ်အစိုးရ သည်လူများကို ဟူဘေးပြည်နယ်၏မြို့တော် Wuhan မှထွက်ခွာခြင်း (သို့) ၀ င်ရောက်ခြင်းကိုတားမြစ်ခဲ့ပြီးသည့်နောက်တွင် ယင်းအမိန့်ကိုပြည်နယ်၏နေရာအများစုသို့တိုးချဲ့ခဲ့သည်။

မတ်လ ၂၅ ရက်ဗုဒ္ဓဟူးနေ့ မှစ၍ Wuhan မြို့အပြင်ဘက်ရှိ Hubei မြို့တွင် ယာဉ်ကြောတားဆီးပိတ်ဆို့မှုများကို တရားဝင်ဖယ်ရှားလိုက်ကြောင်း ဒေသအစိုးရမှပြောကြားခဲ့သည် ။ သို့သော်ပြည်နယ်မှ ထွက်ခွာသွားသူတိုင်းသည် အစိုးရမှထုတ်ပေးသော သူတို့ကျန်းမာသည်ဟုသက်သေပြရန် QR ကုဒ်လိုအပ်လိမ့်မည်ဟု South China Morning Post မှဖော်ပြခဲ့သည် ။

Wuhan တွင် lockdown ပိတ်ထားဆဲဖြစ်သော်လည်း အချို့သောဒေသတွင်း လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများကို ပြန်လည်
လုပ်ကိုင်နေပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် တနင်္လာနေ့တွင် မြို့တွင်းရှိ ကားစက်ရုံ ၂ ခုသည် သူတို့၏ထုတ်လုပ်မှုလမ်းကြောင်းများကို ပြန်လည်စတင်ခဲ့သည်ဟု South China Morning Post မှဖော်ပြခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဝူဟန်မြို့သည် ဒီဇင်ဘာနှောင်းပိုင်း တွင်ဖြစ်ပွားသည့် မှစ၍ Coronavirus ကူးစက်မှုအသစ် မပေါ်ပေါက်တော့သည်ကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့သည်။

မတ်လ ၁၉ ရက်နေ့တွင်တရုတ်ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ၂၄ နာရီတာကာလအတွင်းရလဒ်များသည် တရုတ်ပြည်မကြီးတွင် ဖြစ်ပွားမှုအသစ် ၃၄ ခုမျှသာရှိကြောင်းနှင့် ထိုအဖြစ်အပျက်များကို ပြည်ပမှလာရောက်သူများတွင်တွေ့ရှိခဲ့သည်ဟုကျန်းမာရေး ၀ န်ကြီးဌာနမှ ပြောကြားခဲ့သည်။

Read times
Rate this item
(0 votes)