What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 11 October 2020 22:21

Mobile Swab Testing Car များ လှူဒါန်းသွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် COVID-19 Mobile Swab Testing Car များ လှူဒါန်းသွားမည်

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် မန္တလေးမြို့မှ စေတနာရှင်၊ အလှူရှင်များ စုပေါင်းပြီး COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးနိုင်မည့် Mobile Swab Testing Car(၈)စီးကို ပြုလုပ်တပ်ဆင်နေကာ တပ်ဆင်မှုများ အားလုံးပြီးစီးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Mobile Swab Testing Car များ တပ်ဆင်ရာတွင်လည်း COVID-19 Guideline များနှင့်အညီ Swab ယူပေးမည့် ပညာရှင်များ ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးထားကာ ကားတစ်စီး၏ ကုန်ကျစရိတ် စုစုပေါင်း အနေဖြင့် ငွေကျပ်(၁၁၆)သိန်းကျသင့်ပြီး လှူဒါန်းလိုသော အလှူရှင်များရှိပါကလည်း Century Mandalay လုပ်ငန်းမှ မျှဝေအလှူအနေဖြင့် ထည့်၀င်လှူဒါန်းကာ ကားများထပ်မံပြုလုပ်ပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MRTV

Read times
Rate this item
(0 votes)