What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 September 2020 10:19

COVID အတည်ပြုလူနာ အမှတ် (၇၈၉) ပြောပြတဲ့ သူမရဲ့ အတွေ့အကြုံ

ကျွန်မကတော့ လူနာနံပတ် 789ပါ အတွေ့အကြုံလေးရအောင်ပါ .... online Shopping လုပ်ပါတယ် ပုံမှန်ဆို Deilအပ်နေကြပါ။

 

23ရက်နေ့မှာ ကိုယ်တိုင် ပစ္စည်း အချို့ လိုက်ပို့ပါတယ် လှိုင်သာယာနဲ့ ရွှေပြည်သာကိုပါ သွားတဲ့တစ်လျှောက်လုံးလည်း Mask ကိုမချွတ်ပါဘူး လက်သန့်ဆေးနဲ့လည်းခဏခဏဆေးပါတယ်။

 

ညနေအိမ်ပြန်ရောက်တော့လူကစနှုံးလာတယ်နေလို့ မသာတော့ဘူး လည်ချောင်းထဲနာသလိုဖြစ်လာတယ်။ 24ရက်နေ့မနက်ကျတော့ဖျားတယ် ညနေကျတော့ဆေးခန်းသွားပြပါတယ်။ ဆရာမကသွေးတိုးတယ်ပဲပြောပြီးဆေးကဒ်တွေပေးတယ်။ တစ်ခုခုဆိုတိုင်ပင်စရာက တိုင်ပင်နေကြအမတစ်ယောက်ရှိပါတယ်။(အခုစာကိုလည်းသူရေးထားတဲ့ပိုစ်တစ်ခုကိုဖြတ်ပြီးရေးထားတာပါ)။

 

အမကဆေးခန်းပေးတဲ့ဆေးတွေမသောက်ဖို့ပြောပြပါတယ်။ အမပြောတဲ့ဆေးကိုပဲပြောင်းသောက်တော့25ရက်နေ့မှာ အဖျားကျတယ် (Live လွှင့်စျေးရောင်းလိုက်ပါသေးတယ်)။ 26ရက်နေ့ကျတော့ ရေမိုးချိုးခေါင်းလျော်တယ်လူကမလန်းသေးဘူးအဖျားသာကျသွားတာ။ 27ရက်မှာ ပါးစပ်အရသာပျက်တာကိုသတိထားမိတယ်အနံ့ကိုသတိမထားမိသေးဘူး။

 

28ရက်နေ့မှတ်မှတ်ရ ရချဥ်ပေါင်ဟင်းချက်တဲ့နေ့ပုံမှန်ဆို မျှင်ငပိဆိုတာအနံ့တော်တော်ပြင်းတာပါ.။ အဲ့တော့မှ အနံ့မရတာကိုသတိထားမိတာပါအမှန်ဆို 26ထဲက အနံ့ကမရတော့တာ (ရေချိုးချိန်ဆပ်ပြာအနံ့မရတာကိုသတိမထားမိလိုက်လို့)။

 

အိမ်ကလူတွေကိုပြောပြတယ်ဆေးခန်းပြဖို့ဆေးရုံပြဖို့ပဲပြောတယ် မဟုတ်ဘူး ငါမသက်ာဘူး။ စာတွေမှာလည်း ကိုဗစ်ရောဂါကိုပြနေတယ်လို့ပြောပါတယ် ဒါလည်းနင့်စိတ်ကအဲ့လိုကြီးတွေးနေတာကို လိုက်မတွေးနဲ့တဲ့ နောက်ဆုံးသိလိုက်တာက ကျွန်မအိမ်မှာဆက်နေရင်အားလုံး အခက်ပိုတွေ့ကုန်မှာ။

 

သူတို့ကိုတိုင်ပင်လို့မရတော့ဘူးဆိုတာသိလို့ တိုင်ပင်နေကြအမကိုပဲတိုင်ပင်ပြီး လုပ်သင့်တာကိုလုပ်ပါတယ်အမပေးတဲ့ဖုန်းနံပတ်တွေဆက်ပြီးကိုယ်ဖြစ်နေတာကိုပြောပြပါတယ်။ (ည 8:00လောက်ဆိုတော့ချက်ခြင်းလာမခေါ်ပါဘူး)။ မနက် 8:30/9:00လောက်ကျ သက်ဆိုင်ရာတွေတစ်ဆင့်ပြီးတစ်ဆင့်ဖုန်းဆက်မေးတယ်။ အိမ်ကိုလာမခေါ်ဖို့ပြောပေမယ့်မရပါဘူး...(ရောဂါရှိနေရင် အခြားသူတွေကူးမှာဆိုးလို့ပါ)။

 

ရပ်ကွက်လူကြီးနဲ့ဆက်သွယ်ပြီးအိမ်ကိုလာပြောပါတယ်သူတို့လာခေါ်ပါမယ်ဆိုပြီး 1:00လောက်မှာလာခေါ်ပါတယ်ဒီလိုပဲပတ်ဝန်းကျင်ကဓာက်ပုံတွေရိုက်ဖို့ Liveလွှင့်ဖို့လုပ်တယ်။ ကျွန်မစိတ်ထဲသိမ်ငယ်သွားပေမယ့်ကျွန်မကိုယ့်အထုတ်ကိုယ်ဆွဲပြီး ရဲရဲဝင်ဝင့်ပဲအော်ပြောပါတယ်။ ဓာက်ပုံရိုက်ခွင့်မပြုဘူးLiveလွှင့်ခွင့်မပြုဘူးလက်ခံကြပါတယ်(ရပ်ကွက်လူကြီးကအစမောင်းထုတ်ပေးပါတယ်)။

 

မဂ်လာဒုံ ပုလဲဆေးရုံမှာ 2ရက်နေရပါတယ်(ရက်မမှတ်မိ)နေတော့ည 8:00နာရီမှာ ဆရာမတွေဖုန်းဆက်တယ်။ P+တဲ့ စသိသိခြင်း ဟန်မဆောင်နိုင်ဆရာမနဲ့ဖူန်းပြောရင်းငိိုမိပါတယ်။ ဆရာမရဲ့အားပေးစကားကြောင့်စိတ်ကိုငြိမ်အောင်အရင်လုပ်ပြီးမှ အသိပေးသင့်သူတွေကိုပေးပါတယ်ညတွင်းချင်းပဲဆေးရုံပြောင်းပေးပါတယ်။

 

အဲ့ဒီအထိအားငယ်စိတ်ကရှိတုန်းပါပဲကြောက်လည်းကြောက်ခဲ့တယ်။ ဝေဘာဂီရောက်တော့ဆရာမတွေရဲ့နွေးထွေးမူတွေကိုထပ်ရတဲ့အခါ သိပ်မကြောက်တော့ပါဘူး။ Fbပေါ်ကသူငယ်ချင်းတွေရဲ့အားပေးမူတွေဆုတောင်း မေတ္တာ တွေကြောင့် ယခု... 7.9.2020မှာ အနံ့ကိုသိသိသာသာရပါပြီများမကြာခင် ကျွန်မဆေးရုံဆင်းခွင့်ရတော့မယ်လို့ယုံကြည်ပါတယ်။

 

အားလုံးကိုပြောချင်တာ မကြောက်ကြပါနဲ့အားမငယ်ပါနဲ့ ပဲပြောချင်ပါတယ်ကိုယ်ခံအားရှိအောင်နေရင် ပြန်ပြီးကျန်းမာလာမှာပါ။ ကိုယ့်စိတ်ကိုယ်မသကာ်ရင်စစ်ဆေးမူအမြန်ခံယူပါ ကိုယ့်ကြောင့်အခြားသူတွေမထိခိုက်မနစ်နာပါစေနဲ့။

 

တိုင်ပင်နေကြအမရေးထားတဲ့စာကိုကောက်ချက်ချ၍ပြန်ရေးသားထားခြင်းဖြစ်ပါတယ်။ 

 

Daw Lay Kay Zin

By Myanmar Health Products Guide

Read times Last modified on Wednesday, 09 September 2020 10:24
Rate this item
(0 votes)