What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 November 2021 14:25

တစ်ကိုယ်ကောင်း ဆန်တဲ့မတ်စ်ကြောင့် ဟောင်ကောင်မှာ Omicron ၂ဦးကူးစက်ခံရ

တောင်အာဖရိကမှ ပြန်လာတဲ့ ခရီးသည် တစ်ဦး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်း ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အရ အတည်ပြုခဲ့ပါတယ်။


ကျန်းမာရေး အရာရှိတွေက နောက်ထပ် ခရီးသည် ၂ ဦး ကူးစက်ခံရကြောင်စ အတည်ပြု ပြောကြားခဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ မတ်စ်ကို သုံးစွဲခဲ့လို့ အခုလို ကူးစက်မှုများ ဖြစ်ပွားခဲ့ရတယ်လို့ အပြစ်တင်ပါတယ်။
တောင်အာဖရိကမှ ပြန်လာသူနဲ့ ကူးစက်ခံရသူ ၂ ဦးတို့ Regal Airport Hotel မှာ ကွာရင်တင်း ဝင်ခဲ့ကြတာမှာ အထပ်တစ်ထပ်တည်းမှာ ရှိတဲ့ မျက်နှာချင်းဆိုင် အခန်းတွေမှာ တည်းခိုခဲ့ကြပါတယ်။ လုပ်ထုံးလုပ်နည်းအရ ဆေးစစ်တဲ့အခါ အဆိုပါ ခရီးသည် ၂ ဦး ကူးစက်ခံလူနာ ဖြစ်ကြောင်း positive ရလဒ် တွေ့ရှိခဲ့ပါတယ်။ သူတို့ ၂ ဦးစလုံး ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးပြီးသား ဖြစ်ပါတယ်။
ကြိုတင်ကာကွယ်တဲ့ စီမံချက်အရ ၎င်းဟိုတယ်မှာ တောင်အာဖရိကမှ ပြန်လာသူ လူနာ တည်းခိုနေတဲ့ အခန်း အနီးတဝိုက်ရှိ အခန်းများမှာ ကွာရင်တင်း ဝင်နေသူ ၁၂ ဦးတို့ အစိုးရစီစဉ်တဲ့ ကွာရင်တင်းစင်တာမှာ ၁၄ ရက် နေထိုင်‌ကြရပါတယ်။
မျိုးကွဲအသစ် B.1.1.529 အိုမီခရွန်း အမည်ရှိ ကိုဗစ် မျိုးကွဲက သန္ဓေပြောင်းတာမှာ ယခင်မျိုးကွဲများနဲ့ မတူဘဲ သန္ဓေဗီဇအမျိုးမျိုး အများအပြား ပြောင်းပါတယ်။ Delta မျိုးဗီဇကွဲ လှိုင်းထစဉ်က ၁၃ မှ ၁၇ မျိုးအထိ မျိုးကွဲထွက်ပေါ်ခဲ့ပါတယ်။
အိုမီခရွန်းက ၃၂ မျိုးအထိ မျိုးဗီဇ ပြောင်းပါတယ်။
တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ပြီး ယခုအခါ တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတို့မှာ အိုမီခရွန်း ကူးစက်ထားတဲ့သူ ၁၀၀ ရှိနေပါပြီ။ ဟောင်ကောင်မှာတော့ အဆိုပါ လူ ၃ ဦး ကူးစက်ခံထားရပါတယ်။
တောင်အာဖရိကမှ ပြန်လာတဲ့ ခရီးသည်က တစ်ဖန်ပြန်သုံးလို့ရတဲ့ မတ်စ်ကို သုံးစွဲပါတယ်။ အဲဒီမတ်စ်မှာ ရှူထုတ်လိုက်တဲ့လေ မတ်စ်အပြင်ကို ထွက်ဖို့ အပေါက်ပါပြီး အပေါက်မှာ လေစစ် မတပ်ထားဘူး။ ဒီတော့ မတ်စ်တပ်ထားသူ လေရှူသွင်းတဲ့အခါ မတ်စ်က လေကို စစ်ပေးပေမဲ့ ရှူထုတ်လိုက်တဲ့လေတွေကတော့ လေစစ်မရှိတဲ့ လေထွက်ပေါက်နေ ဒလဟော ထွက်ပါတယ်။ ဒီတော့ မတ်စ်တပ်ထားသူ ပိုးမကူးအောင်ကာကွယ်ပေးပေမဲ့ သူ့မှာ ရှိနေတဲ့ ပိုးတွေ ရှူထုတ်လိုက်တဲ့ လေမှာ ပါလာတာကို မတ်စ်က လေစစ်မပေးဘူး။ ဒီတော့ အနီးတဝိုက်မှာ ရှိနေသူတွေဆီ ပိုးတွေ ဖြန့်ပေးနေပြီး ကူးစက်စေနိုင်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေက တစ်ကိုယ်ကောင်း ဆန်တဲ့မတ်စ် “selfish mask" လို့ အမည်ပေးထားပါတယ်။ ကိုယ့်အတွက်ပဲ ကာကွယ်ပေးပြီး တခြားသူတွေကို ကာကွယ်မပေးတဲ့ မတ်စ် ဖြစ်ပါတယ်။
တောင်အာဖရိကပြန် ခရီးသည်က အခန်းတံခါး ဖွင့်ပြီး စားစရာယူတဲ့အခါများ၊ အခန်းထဲမှ အမှိုက်ပုံးကို အခန်းအပြင် ထုတ်ပေးတဲ့အခါများမှာ တစ်ကိုယ်ကောင်းဆန်တဲ့ မတ်စ်ကို ဝတ်ဆင်ပါတယ်။ ရလဒ်အဖြစ် မျက်နှာချင်းဆိုင် အခန်းများမှာ ကွာရင်တင်း ဝင်နေသူ ၂ ဦး အိုမီခရွန်း ကူးစက်ခံရပါတယ်။

 

Read times Last modified on Saturday, 27 November 2021 14:29
Rate this item
(0 votes)