What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 September 2020 09:44

ဘရာဇီးနိုင်ငံ၌ လာမည့်ဇန်နဝါရီလတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်မည်

ဘရာဇီးနိုင်ငံ၌ လာမည့်ဇန်နဝါရီလ တွင် ပြည်သူလူထုအတွင်း ကိုဗစ်- ၁၉ ကာကွယ်ဆေး အမြောက်အမြား ထိုးနှံ ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

 

ကာကွယ်ဆေးထုတ်လုပ်သည့် ဆေးဝါးလုပ်ငန်းများနှင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုထားပြီဖြစ်ပြီး လာမည့် နှစ် ဇန်နဝါရီလတွင် လူထုအတွင်း စတင်ရောက်ရှိနိုင်မည်ဟု မျှော်မှန်း ထားကြောင်း၊ ယင်းအချိန်ရောက်လျှင် လူတိုင်းကို ကာကွယ်ဆေးထိုးပေးခြင်း စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အီဒွာဒိုပါဇူလိုက အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း သိရသည်။


ဘရာဇီးအစိုးရသည် ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အောက်စဖို့ဒ် တက္ကသိုလ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင် အာ့စဝါဒိုလ်ခရုစ် ဖောင်ဒေးရှင်းနှင့် သဘောတူညီမှုတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

 

သဘောတူညီထား သည့် အစီအစဉ်အရ ကိုဗစ်- ၁၉ ကာကွယ်ဆေး ၁၀ဝ ဒသမ ၄ သန်း ကို ကနဦး လက်ခံရရှိမည်ဖြစ်ရာ ဘရာဇီးနိုင်ငံ လူဦးရေ၏ ထက်ဝက် ခန့်အထိ ကာကွယ်ဆေးထိုးနှံပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

ဒုတိယ အသုတ် ကာကွယ်ဆေး ထိုးနှံခြင်းကို မူ လာမည့်နှစ်၏ ဒုတိယနှစ်ဝက် လောက်တွင် ရရှိနိုင်မည်ဟု ခန့်မှန်း ထားကြောင်းသိရသည်။

ဆင်ဟွာ

Read times
Rate this item
(0 votes)