What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 December 2020 11:03

ကိုဗစ် ကာကွယ်ရေး ထိုးဆေး ဖြန့်ဖြူးရန် သင်္ဘောလိုင်း၊လေကြောင်းလိုင်း၊ လော်ဂျစ်စတစ် လုပ်ငန်း ၁၈ ခု လက်မှတ်ရေးထိုး

ကိုဗစ် ကာကွယ်ရေး ထိုးဆေး ဖြန့်ဖြူးရာတွင် ယူနီဆက်သည် အဓိကအခန်းကဏ္ဍမှ ပါ၀င်မှာ ဖြစ်ပါတယ်။

 

ကူးစက်ရောဂါဖြစ်ပွားမှု၏ မကြုံစဖူးပမာဏသည် လုံခြုံစိတ်ချရသောကာကွယ်ဆေးများ ထိရောက်စွာဖြန့်ဖြူးရန်အတွက် နိုင်ငံစုံအဖွဲ့အစည်းများ၊ အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများ ပေါင်းစုပြီး ဆန်းသစ်တီထွင်ထားပြီး ပြတ်ပြတ်သားသား လုပ်ကိုင်သော စုပေါင်းလုပ်ဆောင်မှုများ လိုအပ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ပစ္စည်းများပေးပို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၀န်ဆောင်မှုပေးခြင်း စသည်တို့တွင် သက်ဆိုင်သူ အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

ဝင်ငွေမြင့်မားတဲ့ နိုင်ငံ ၆၄ နိုင်ငံတို့က အစိုးရနဲ့ ဆေးဝါးထုတ်လုပ်သူတွေ အတူတကွ ပူးပေါင်းပြီး COVID-19 ကာကွယ်ရေး ထိုးဆေး ထုတ်လုပ်ဖို့ ဆောင်ရွက်ကြပြီး COVAX Facility ကို ထူထောင်ထားပါတယ်။ ယခုအခါ ထိုးဆေး ဖြန့်ဖြူးမယ့် အပိုင်းကို လုပ်ဆောင်တာမှာလည်း အတူတကွ လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။


အဲဒီလို လိုအပ်တာကြောင့် သင်္ဘောလိုင်း၊လေကြောင်းလိုင်း၊ လော်ဂျစ်စတစ် နယ်ပယ်မှ စီအီးအို ၁၈ယောက် ဟာ ယူနီဆက်ရဲ့ executive director နဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် တို့ရဲ့ ဥက္ကဋ္ဌ တို့ အတူတကွ လုပ်ဆောင်သွားကြဖို့ သဘောတူ လက်မှတ်ထိုးလိုက်ပါပြီ။အဲဒီ သဘောတူညီ ချက်အရ ယူနီဆက် နဲ့ COVAX နိုင်ငံ တွေ ကို အဓိက နည်လမ်း ၄ သွယ်ဖြင့် အကူအညီ ပေးပါမယ်။

 

၁ - နိုင်ငံတကာ အစိုးရတွေ၊ အကောက်ခွန် အဖွဲ့အစည်းတွေ၊ ယူနီဆက် အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ နဲ့ အန်ဂျီအိုတွေ ဆက်နွှယ် လုပ်ဆောင်ရန်

၂ - လုပ်ငန်းခွင် အတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ နည်းပညာ တွေကို မျှဝေရန်

၃ - ယူနီဆက် က တောင်းဆိုရင် ဆိုင်ရာ တိုင်းပြည်ကို ပံ့ပိုးဖို့ ကျွမ်းကျင်ပညာရှင်တွေ က ကူညီ လုပ်ဆောင်ရန်

၄ - ယူနီဆက်ရဲ့ ကာကွယ်ဆေး ဖြန့်ဝေမှု လော်ဂျစ်စတစ်ကို ကူညီ ပံ့ပိုးရန်၊ အထူးသဖြင့် ပြည်တွင်းပြည်ပ ကာကွယ်‌ ဆေးဖြန့်ဝေမှု နဲ့ အခြား ဆက်စပ်ပစ္စည်းများ ဖြန့်ဖြူးမှု တို့ကို COVAX ကိုယ်စား အလေးဂရုပြု လုပ်ဆောင်ကြရန်

 

ပါဝင်လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေကတော့

-Agility Logistics

- All Cargo Logistics

- A.P Moller Maersk

- CMA CGM

- DHL

- DFDS

- DSV Panalpina Logistics

- DP world

- Hapag Lloyds

- Lufthansa Air Cargo

- MSC

- Panama Canal Authority

- Port of Antwerp

- PSA, International

- Singapore Airlines

- Stena line

- Toll Group Logistics

- UPS

- UNICEF

- World Economic Forum

 

By Myanmar Health Guide

Ref: Unicef

Read times Last modified on Wednesday, 23 December 2020 11:10
Rate this item
(0 votes)