What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 September 2020 16:21

မင်္ဂလာဈေးနဲ့ ယုဇနပလာဇာကို မနက်ဖန်ကစပြီးယာယီပိတ်မယ်

မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးနဲ့ ယုဇနပလာဇာတို့ကို စက်တင်ဘာလ(၁၂) ရက်ကနေစပြီး ယာယီပိတ်သိမ်းသွားမှာဖြစ်ပြီး မြို့နယ်ထဲမှာ ရှိတဲ့ အစားအသောက်နဲ့ဆေးဝါးဆိုင်တွေကိုပဲ ဖွင့်ခွင့်ပေးသွား တော့မယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

 

“ဒီနေ့မှာတော့ ကျွန်တော်တို့ကသူတို့ကိုအထဲကပစ္စည်းတွေသယ်ခွင့်ပဲပေးထားတော့တယ်။ ရောင်းချခွင့် မပေးတော့ပါဘူး။ မနက်ဖြန်ကစပြီးပိတ်ဖို့ကိုဈေးသည်တွေကိုညွှန်ကြားထားပါတယ်။” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

 

ဒါ့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာရှိတဲ့ သိမ်ဖြူဈေးကိုတော့ သားငါးစားသောက်ကုန်တွေကိုပဲ ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး အထည်ဆိုင်တွေနဲ့လူသုံးကုန်ဆိုင်တွေကိုဖွင့်လှစ်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ သူကပြောပါသေးတယ်။

 

ယုဇနပလာဇာ စီမံခန့်ခွဲမှုကော်မတီကလည်း “ကူးစက်မြန်ရောဂါ ကူးစက်ပျံ့နှံ့မှုကိုပိုမိုထိရောက်စွာ ထိန်းချုပ် နိုင်ရေးအတွက် ယုဇနပလာဇာကို (၁၂-၉-၂၀၂၀)ကစပြီးယာယီပိတ်သိမ်းသွားမှာဖြစ်ပြီး ဈေးပြန်လည် ဖွင့်လှစ်မယ့်ရက်ကို ထပ်မံကြေငြာပေးသွားမယ်။” လို့ ထုတ်ပြန်ထားလိုပါတယ်။

 

ပထမအကြိမ် ကိုဗစ်ကူးစက်မှုတွေမြင့်တက်ခဲ့တုန်းကလည်း ယုဇနပလာဇာနဲ့ မင်္ဂလာဈေးတို့ကို ယာယီပိတ်ခဲ့ပါသေးတယ်။

 

ဒီနေ့မှာတော့ Stay at Home ကြေညာထားတဲ့ ရန်ကုန်က မြို့နယ်(၂၈) မြို့နယ်က နေရာတချို့မှာ ရပ်ကွက်တွေ၊ လမ်းတွေကိုပိတ်ထားပြီး အပြင်လူနဲ့ ကားတွေမဝင်ဖို့ တားမြစ်နေကြပါတယ်။

 

 O Media

Read times
Rate this item
(0 votes)