What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 14:33

ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလတွင် လူထုလက်ဝယ်ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်ပြောကြား

တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် လာမည့် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလခန့်တွင် လူထုလက်ဝယ်သို့ ရောက်ရှိနိုင်သည်ဟု တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာ CDC မှ ထိပ်တန်းဆေးဖက်ဆိုင်ရာပညာရှင် ဝူကွေ့ကျန်းမှ နိုင်ငံပိုင်ရုပ်သံ CCTV ကို ပြောကြားခဲ့ပါသည်။

 

တရုတ်နိုင်ငံ၏ ထိပ်တန်းဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Sinovac ကုမ္ပဏီ၏ CEO ဖြစ်သည့် ယင်ဝေတုန်က ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်သည့်ကာကွယ်ဆေး အလုံးရေ (၄၆)သန်းကို ယခုနှစ်ကုန်တွင် ဘရာဇီးနိုင်ငံသို့ ထောက်ပံ့ပေးနိုင်ရေး သဘောတူစာချုပ်အား အပြီးသတ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါသည်။ ယခုလက်ရှိတွင် နောက်ဆုံးအဆင့် လက်တွေ့ဆေးဝါး စမ်းသပ်မှုများ လုပ်ဆောင်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအမျိုးအစား (၉)မျိုးရှိပြီး တရုတ်နိုင်ငံ၏ ကာကွယ်ဆေးအချို့ကို အရေးပေါ် အသုံးပြုရေး အစီအစဉ်တစ်ရပ်အရ မရှိမဖြစ် လိုအပ်သည့် အလုပ်သမားများကို ထိုးနှံပေးခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။

 

ထို့အပြင် Sinovac ကုမ္ပဏီမှ ၎င်းတို့ ကုမ္ပဏီဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် လူပေါင်း(၂,၀၀၀)နှင့် (၃,၀၀၀)ကြားကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၎င်းကာကွယ်ဆေးအသုံးပြုခွင့်ကို တရုတ်တပ်ဖွဲ့မှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

တရုတ်ကုမ္ပဏီများဖြစ်သည့် Sinovac Biotech နှင့် Sinopharm တို့မှ ထုတ်လုပ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို ဘေဂျင်းကုန်သွယ်ရေးပြပွဲတွင် ပထမဆုံးအကြိမ်အနေနှင့် ထုတ်ဖော်ပြသခဲ့ပါသည်။

 

Sinovac ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက တစ်နှစ်ကို ဆေးအလုံးရေပေါင်း သန်း(၃၀၀)ထုတ်လုပ်သွားနိုင်မည့် ကာကွယ်ဆေး စက်ရုံကိုလည်း တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

MRTV

Read times
Rate this item
(0 votes)