What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 13 September 2020 08:05

လှိုင်သာယာ အ.ထ.က(၄)နှင့် အမှတ်(၁၄) ရပ်ကွက်၊ ဘက်စုံအသက်မွေးပညာကျောင်းကို Quarantine Centre အဖြစ် အသုံးပြုမည်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုများ မရှိစေရေး

ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ အနံ့ခံအာ ရုံမရတော့သည့် စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် အ.ထ.က(၄)နှင့် အမှတ်(၁၄) ရပ်ကွက်၊ ဘက်စုံအသက်မွေးပညာကျောင်းကို Quarantine Centre အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းကို Quarantine Centre အဖြစ် ဆောင်ရွက်သွားနိုင်ရေး မြို့နယ် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ်ကျန်းမာရေးမှူးဒေါက်တာခင်ရူပါစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားမည့် ဘက်စုံအသက်မွှေးပညာကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရေး လက်ရှိမြို့နယ် အဆင့်ဖွင့်လှစ်ထားသော သာသနဗိမာန်ရှိ Community Quarantine Centre အတွက် အလှူတော်ငွေ ကျပ်သိန်း(၅၀)တိတိကို စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးအောင်ကျော်ဦးမှ မတည်လှူဒါန်းပေးခဲ့ပြီး ကျန်ရှိနေသော စက်မှုဇုန်လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည်ဟု သိရသည်။

mdn.gov.mm

Read times
Rate this item
(0 votes)