What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 September 2020 19:11

YANGON CONVENTION CENTER နှင့် FORTUNE PLAZA တို့တွင် ကိုဗစ် - ၁၉ ဆက်စပ်လူနာများထားရှိရန် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန်နှင့် လိုအပ်လာပါက

အသုံးပြုနိုင်ရန် မရမ်းကုန်းမြို့နယ် အင်းလျားလိတ် ဟိုတယ်နားရှိ Yangon Convention Center နှင့် သာကေတမြို့နယ်ရှိ Fortune Plaza တို့အား ကြိုတင်ပြင်ဆင် ထားရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်မှ လိုအပ်လာပါက ခုတင် (၁၀၀၀)ဆန့် ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မြေပြင်တွင်ဆောင်ရွက်မည့် အခြေအနေများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။
Yangon Convention Center နှင့် Fortune Plaza တို့မှ တာဝန်ရှိသူများက အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ် ကာလအတွင်း လိုအပ်မည့် သန့်စင်ခန်းများ၊ ရေသုံးစွဲမှု၊ လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်အောင် ဖြည့်ဆည်းပေးရမည့် အချက်များကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့က ကဏ္ဍအလိုက် မိမိတို့ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များကို ပြန်လည် ရှင်းလင်းပြောကြားသည်။
ထို့နောက် Fortune Plaza တွင် ကုတင် ၁၀၀၀ ဆန့် ယာယီဆေးရုံအဖြစ် အခမဲ့ သုံးစွဲခွင့်နှင့် ထားရှိမည့်သူများအတွက် ကြိုတင်ပြင်ဆင်မည့် လိုအပ်ချက်များအတွက် မတည် ရန်ပုံငွေ သိန်း ၁,၀၀၀ ကို Excellent Fortune Development Group ဥက္ကဋ္ဌနှင့် Golden Environmental Construction Co.,Ltd.(Fortune Plaza, Myanmar Expo)၏ Managing Director ဦးစိုင်းမျိုးဝင်းမှ လှူဒါန်းခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သူများ ထားရှိမည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Read times
Rate this item
(0 votes)