What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 11:54

စူပါဟီရိုး မြန်မာဆရာဝန် ဦးနှောက်အထူးကု ဒေါက်တာပီတာထွန်း ကိုဗစ်ကြောင့် ကွယ်လွန်

ယခု ကမ္ဘာ့ ကပ်ရောဂါကြီး မှာ သူရဲကောင်းဆရာဝန်တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ပီတာထွန်း ဟာ လူနာတွေကို ကုသရင်း သူ့အသက်ကို စတေးခဲ့ရပါပြီ။

အသက် ၆၂ နှစ်အရွယ် ဦးနှောက်အထူးကုဆရာဝန်ကြီး ဖြစ်တဲ့ ဒေါက်တာ ပီတာထွန်း တစ်ယောက် လူနာ ကုသရင်း ရောဂါကူးစက်ခံရချိန်မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ Royal Berkshire ဆေးရုံကြီးမှာပဲ သူ့ရောဂါကို ကြပ်မတ် ကုသမှု့ခံယူခဲ့ပါတယ်။ 

 

ဗြိတိန်ရဲ့ အမျိုးသား ကျန်းမာရေး ဌာနဖြစ်တဲ့ NHS က ဒေါက်တာ ပီတာထွန်း ကိစ္စ နဲ့ ပတ်သက် ထုတ်ပြန်ချက် ထုတ်ထားခြင်းတော့မရှိသေးပါဘူး သို့ပေမဲ့ ၁၃ ရက်နေ့ တနင်းလာ နေ့က သူဆုံးပါးသွားခဲ့ပါပြီ။

 

ဒေါက်တာ ပီတာထွန်းရဲ့ သားများ ပြောကြားချက်ကတော့ - " ကျွန်တော်တို့ မိသားစုဟာကျွန်တော်တို့ရဲ့ ဖခင်ဖြစ်သူ ရောဂါကုသရင်း အသက်ပေးသွားတာအတွက် အရမ်းကို ဂုဏ်ယူမိပါတယ် ၊ သူက မိသားစုအပေါ် တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်သလို သူတို့ အနေနဲ့ အဖေ့ကို အမြဲသတိရနေမှာပါ " ဆိုကာပြောကြားခဲ့ပါတယ်။

COVID.png

ဒေါက်တာ ပီတာထွန်း အမြဲပြောတဲ့ စကားလေးရှိပါတယ် " သင့်ရဲ့ လူနာ မှန်သမျှကို သင့် မိသားစု အရင်းကဲ့သို့ ပြုစုယုယပေးပါ " ဆိုကာ အမြဲပြောလေ့ရှိပါတယ်။ဆရာက သူ့ အလုပ်ကို အရမ်း ဂရုစိုက်တဲ့ သူဖြစ်ပြီး အသပြာ ဆရာ မဟုတ်သည့်အပြင် လူနာမှန်သမျှ သူ့အိတ်စိုက်ကုသပေးတာတောင်ရှိခဲ့ဖူးပါတယ်ဆိုကာ သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန် များက ပြောကြားခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေး ဝန်ကြီး ဌာန က အမှု့ဆောင်အရာရှိချုပ် Steve McManus ပြောကြားချက်ကတော့ - ဒေါက်တာ ပီတာထွန်း ကို ဆုံးရှုံးရလို့ အတော် လေး စိတ်မကောင်း ဖြစ်ရပါတယ် ၊ တကယ်တော်တဲ့ အမှု့ဆောင် တစ်တစ်ယောက်ဖြစ်ပြီး ဒီအခြင်းအရာက အဖွဲ့ အစည်းကို အတော်လေး ခက်ခဲစေပါတယ် ၊ အခုလို ဒေါက်တာ ပီတာထွန်း ဆုံးပါးမှု့အပေါ် သူ့မိသားစုနှင့် ထပ်တူ ဝမ်းနည်းပါတယ်ဆိုကာပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ ပီတာထွန်း ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန် တစ်ဦးဖြစ်တဲ့ Jonathan Mamo ပြောပြချက်ကတော့ - သူဟာ ဖခင်တစ်ယောက်လို လုပ်ဖော်ကိုင်ဖက်တွေကို ကာကွယ်မှု့ပေးသလို ၊ စကားပြောရင် လေသံ ပျော့ပျော့လေးနှင့် ဖြေးညင်းစွာ ပြောတတ်တဲ့ လူကြီးလူကောင်း တစ်ဦးပါတဲ့ ။ ထို့အပြင် ပရော်ဖက်ဆာ Christian Collin ပြောပြတဲ့ စကားကတော့ ဒေါက်တာ ပီတာထွန်းဟာ လူနာတွေရော လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေရောထံမှ ချစ်ခံရပြီး လေးစားခံရသူပါ ၊ အမြဲ မျက်နှာလေး ပြုံးနေတတ်သူပါတဲ့။

 

ဒေါက်တာ ပီတာထွန်းဟာ မြန်မာပြည်မှ UK ကို ၁၉၉၄ ခုနှစ်ထဲက ရောက်ရှိတာဖြစ်ပြီး ဆေးရုံတွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၂၁ နှစ် နှင့် အထက်ရှိခဲ့တယ်သိရပါတယ်။

Ref ; BBC

HPD.png

<<< Zawgyi >>>

=======

ဦးေနွာက္အထူးကု ေဒါက္တာပီတာထြန္း ကိုဗစ္ေၾကာင့္ ကြယ္လြန္

 

ယခု ကမာၻ႔ ကပ္ေရာဂါႀကီး မွာ သူရဲေကာင္းဆရာဝန္တစ္ဦး ျဖစ္တဲ့ ေဒါက္တာ ပီတာထြန္း ဟာ လူနာေတြကို ကုသရင္း သူ႔အသက္ကို စေတးခဲ့ရပါၿပီ။အသက္ ၆၂ ႏွစ္အ႐ြယ္ ဦးေႏွာက္အထူးကုဆရာဝန္ႀကီး ျဖစ္တဲ့ ေဒါက္တာ ပီတာထြန္း တစ္ေယာက္ လူနာ ကုသရင္း ေရာဂါကူးစက္ခံရခ်ိန္မွာ သူတာဝန္ထမ္းေဆာင္ခဲ့တဲ့ Royal Berkshire ေဆး႐ုံႀကီးမွာပဲ သူ႔ေရာဂါကို ၾကပ္မတ္ ကုသမႈ႕ခံယူခဲ့ပါတယ္။

 

ၿဗိတိန္ရဲ႕ အမ်ိဳးသား က်န္းမာေရး ဌာနျဖစ္တဲ့ NHS က ေဒါက္တာ ပီတာထြန္း ကိစၥ နဲ႔ ပတ္သက္ ထုတ္ျပန္ခ်က္ ထုတ္ထားျခင္းေတာ့မရွိေသးပါဘူး သို႔ေပမဲ့ ၁၃ ရက္ေန႔ တနင္းလာ ေန႔က သူဆုံးပါးသြားခဲ့ပါၿပီ။

 

ေဒါက္တာ ပီတာထြန္းရဲ႕ သားမ်ား ေျပာၾကားခ်က္ကေတာ့ - " ကြၽန္ေတာ္တို႔ မိသားစုဟာကြၽန္ေတာ္တို႔ရဲ႕ ဖခင္ျဖစ္သူ ေရာဂါကုသရင္း အသက္ေပးသြားတာအတြက္ အရမ္းကို ဂုဏ္ယူမိပါတယ္ ၊ သူက မိသားစုအေပၚ တာဝန္ေက်တဲ့ ဖခင္ေကာင္းတစ္ဦး ျဖစ္သလို သူတို႔ အေနနဲ႔ အေဖ့ကို အၿမဲသတိရေနမွာပါ " ဆိုကာေျပာၾကားခဲ့ပါတယ္။

 

ေဒါက္တာ ပီတာထြန္း အၿမဲေျပာတဲ့ စကားေလးရွိပါတယ္ " သင့္ရဲ႕ လူနာ မွန္သမွ်ကို သင့္ မိသားစု အရင္းကဲ့သို႔ ျပဳစုယုယေပးပါ " ဆိုကာ အၿမဲေျပာေလ့ရွိပါတယ္။ဆရာက သူ႔ အလုပ္ကို အရမ္း ဂ႐ုစိုက္တဲ့ သူျဖစ္ၿပီး အသျပာ ဆရာ မဟုတ္သည့္အျပင္ လူနာမွန္သမွ် သူ႔အိတ္စိုက္ကုသေပးတာေတာင္ရွိခဲ့ဖူးပါတယ္ဆိုကာ သူ႔လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္ မ်ားက ေျပာၾကားခဲ့ပါတယ္။

 

ၿဗိတိန္ႏိုင္ငံ အမ်ိဳးသားက်န္းမာေရး ဝန္ႀကီး ဌာန က အမႈ႕ေဆာင္အရာရွိခ်ဳပ္ Steve McManus ေျပာၾကားခ်က္ကေတာ့ - ေဒါက္တာ ပီတာထြန္း ကို ဆုံးရႈံးရလို႔ အေတာ္ ေလး စိတ္မေကာင္း ျဖစ္ရပါတယ္ ၊ တကယ္ေတာ္တဲ့ အမႈ႕ေဆာင္ တစ္တစ္ေယာက္ျဖစ္ၿပီး ဒီအျခင္းအရာက အဖြဲ႕ အစည္းကို အေတာ္ေလး ခက္ခဲေစပါတယ္ ၊ အခုလို ေဒါက္တာ ပီတာထြန္း ဆုံးပါးမႈ႕အေပၚ သူ႔မိသားစုႏွင့္ ထပ္တူ ဝမ္းနည္းပါတယ္ဆိုကာေျပာၾကားခဲ့ပါတယ္။

 

ေဒါက္တာ ပီတာထြန္း ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္ တစ္ဦးျဖစ္တဲ့ Jonathan Mamo ေျပာျပခ်က္ကေတာ့ - သူဟာ ဖခင္တစ္ေယာက္လို လုပ္ေဖာ္ကိုင္ဖက္ေတြကို ကာကြယ္မႈ႕ေပးသလို ၊ စကားေျပာရင္ ေလသံ ေပ်ာ့ေပ်ာ့ေလးႏွင့္ ေျဖးညင္းစြာ ေျပာတတ္တဲ့ လူႀကီးလူေကာင္း တစ္ဦးပါတဲ့ ။

 

ထို႔အျပင္ ပေရာ္ဖက္ဆာ Christian Collin ေျပာျပတဲ့ စကားကေတာ့ ေဒါက္တာ ပီတာထြန္းဟာ လူနာေတြေရာ လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္ေတြေရာထံမွ ခ်စ္ခံရၿပီး ေလးစားခံရသူပါ ၊ အၿမဲ မ်က္ႏွာေလး ၿပဳံးေနတတ္သူပါတဲ့။ ေဒါက္တာ ပီတာထြန္းဟာ ျမန္မာျပည္မွ UK ကို ၁၉၉၄ ခုႏွစ္ထဲက ေရာက္ရွိတာျဖစ္ၿပီး ေဆး႐ုံတြင္ ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တာ ၂၁ ႏွစ္ ႏွင့္ အထက္ရွိခဲ့တယ္သိရပါတယ္။

Read times Last modified on Tuesday, 21 April 2020 14:30
Rate this item
(1 Vote)