What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 19:25

River View Tower ရှိ ဧရာဝတီဘဏ် (ရုံးချုပ်) ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အတည်ပြု

၁။ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ River View Tower ဧရာဝတီဘဏ် (ရုံးချုပ်)၊ (ဒုတိယထပ်)ရှိ customer များနှင့် တိုက်ရိုက်ထိတွေ့မှု မရှိသော ချေးငွေဌာနတွင် တာဝန်ထမ်း‌ဆောင်နေသည့် ဝန်ထမ်း တစ်ဦးတွင်

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၅-၉-၂၀၂၀) ရက်နေ့ ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲ စစ်ဆေးမှုအဖြေအရ အတည်ပြုခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းသည် လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရှိရပါသည်။ ဧရာဝတီဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုဝင်များကိုလည်း လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

၂။ ၎င်းဝန်ထမ်းသည် COVID-19 နှင့် နီးစပ်တူညီသော ရောဂါလက္ခဏာများကို စတင်ခံစား ရချိန်တွင် ကာယကံရှင်ကိုယ်တိုင် တာဝန်သိစွာ အကြောင်းကြားလာသည့်အတွက် နီးစပ်ရာ Fever Clinic သို့ ဆက်သွယ်၍ Fever Clinic မှ လမ်းညွှန်ချက်အတိုင်း (၁၃-၉-၂၀၂၀) မှစတင်၍ Facility Quarantine စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ အဆိုပါဝန်ထမ်း တာဝန် ထမ်းဆောင်သည့် ဌာနတည်နေရာနှင့် ဆက်စပ်လျက်ရှိသော ရုံးခန်းနေရာများကိုလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိုးသတ်သန့်စင်မှုများ ပြုလုပ်ကာ ယာယီ ပိတ်ထားလိုက်ပြီး ဖြစ်ပါသည်။

၃။ ထို့အပြင် အဆိုပါဝန်ထမ်းနှင့် ထိတွေ့ဆက်ဆံမှုရှိသောသူများအား ထိတွေ့မှုခြေရာခံခြင်း (contact tracing)ကို တိကျသေချာစွာ ဆောင်ရွက်ပေးလျက်ရှိပြီး ထိတွေ့မှုရှိသော ဝန်ထမ်းများ ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း(Facility Quarantine) ထားရှိရန်အတွက် ဆောင်ရွက် ပြီးဖြစ်ပါသည်။ ရုံးချုပ်ဝန်ထမ်းတွင် COVID-19 ရောဂါ တွေ့ရှိ အတည်ပြုပြီးသည့်နောက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တပြေးညီ လိုက်နာပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

၄။ ဧရာဝတီဘဏ်အနေဖြင့် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ရုံးချုပ်နှင့် ဘဏ်ခွဲများ၏ အဆောက်အဦ အတွင်းအပြင်များ၊ ရုံးသုံးပစ္စည်းများနှင့် ဝန်ထမ်းကြိုပို့ယာဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး Business Continuity Plan များထားရှိခြင်း၊ အဖွဲ့များ ခွဲ၍ ဝန်ထမ်းများအား အလှည့်ကျနေအိမ်မှ လုပ်ငန်းဆောင်ရွက်စေခြင်း (Work From Home Plan) အစရှိသည့် အစီအစဉ် များကို စီစဉ်ထားရှိ ဆောင်ရွက်လျက်ရှိပါသည်။

၅။ ယခုကဲ့သို့ COVID-19 ရောဂါပိုး ဖြစ်ပွားချိန်တွင် ဧရာဝတီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးကိုလည်း နိုင်ငံတော် အစိုးရ၊ ပြည်သူ လူထုနှင့်အတူ ဝိုင်းဝန်းအားဖြည့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ်လီမိတက်

Read times Last modified on Tuesday, 15 September 2020 19:29
Rate this item
(0 votes)