What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 September 2020 15:08

ရန်ကုန်တွင် ညမထွက်ရ အမိန့် ဖောက်ဖျက်သူ ခြောက်ရာကျော်ကို အရေးယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူတွေကို အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ 

 

အရေးယူခံရသူတွေထဲမှာ အမျိုးသား ၆၁၈ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၆၄၇ ဦး ပါဝင်ပြီး မော်တော်ယာဉ် အစီးတစ်ရာကျော်နဲ့ ဆိုင်ကယ် ၁၈ စီးတို့လည်းပါဝင်ပါတယ်။ ဖမ်းဆီးခံရသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့အရေးယူခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာဟာ ၄၀၀ ကျော်ရှိနေပြီး နေ့စဉ် လူနာသစ်တွေ့ရှိနှုန်းကလည်း ရန်ကုန်မှာ တိုးလာနေပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်နဲ့ပတ်သက်လို့ လူနာတွေများလာပြီဖြစ်တဲ့အတွက် တာဝန်မဲ့တဲ့လုပ်ရပ်တွေကို မနှစ်မြို့ဘူးလို့ စက်တင်ဘာ ၂ ရက်မှာ ကိုဗစ်အရေး အွန်လိုင်းဆွေးနွေးခန်းမှာ ပြောကြားခဲ့ပါတယ်။

 

မလိုအပ်ဘဲ နိုက်ကလပ်လို ဟာမျိုးတွေတရားမဝင် ဖွင့်တာတွေဟာ အင်မတန် တာဝန်မဲ့ပြီးတော့ ပြည်သူတွေအပေါ်မှာရော နိုင်ငံအပေါ်မှာရော စေတနာအင်မတန်နည်းတယ်လို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါကြောင့် ဒါတွေကို တင်းတင်းကျပ်ကျပ်အရေးယူမှာဖြစ်ပြီး အရေးယူတာဟာ ဒေါသစိတ်နဲ့မဟုတ်ဘဲ နိုင်ငံကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့အရေးယူမှာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်မှာ ည ၁၂ နာရီကနေ မနက် လေးနာရီအထိ မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖောက်ဖျက်ရင် ဥပဒေနဲ့ အရေးယူမယ်လို့ ဒေသန္တရ အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ရပ်ကွက်မြို့နယ်တွေအတွင်း လိုက်လံကြေညာလျက်ရှိပါတယ်။

 

ညမထွက်ရအမိန့် ဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ကိုဖောက်ဖျက်ရင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့တဲ့မှတ်တမ်းတွေ ရှိထားပါတယ်။

 

ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)