What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 September 2020 17:31

အောင်မြင့်မိုရ်အိမ်ရာကို လူအယောက် (၅၀၀၀)ဆံ့ Quarantine Center အဖြစ်လုပ်ဆောင်သွားမည်

အောင်မြင့်မိုရ်အိမ်ရာကို လူအယောက် (၅၀၀၀)ဆံ့ Quarantine Center အဖြစ်လုပ်ဆောင်သွားမည် Skynet UptoDate

COVID-19 ဒုတိယလှိုင်းမှာ ပြည်တွင်းရောဂါ ကူးစပ်ဖြစ်ပွားမှု များပြားလာတဲ့ အတွက် ကြောင့် ရောဂါပိုး ထိန်းချုပ် ကာကွယ်ရေးအတွက် အသုံးပြုရန် အောင်မြင့်မိုရ်အိမ်ရာကို လူအယောက် (၅၀၀၀)ဆံ့ Quarantine Center. အဖြစ်လုပ်ဆောင်သွားမည်ဖြစ် တယ်လို့ လိုင်စင်ရ ကန်ထရိုက်တာများ အသင်း အတွင်းရေးမှူး ဦးအေးငွေ ကပြောပါတယ်။

 

ယခု အောင်မြင့်မိုရ် အိမ်ရာကို လူအယောက် (၅၀၀၀)ဆံ့ Quarantine Center. အသုံးပြုနိုင်အောင် သုံးရက်အတွင်းအပြီးသတ်ထားရှိနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

 

ယခုအချိန်မှာ Quarantine center အတွက် ရေ/မီး/ဆေးဝါးပစ္စည်းများ/ခြံစည်းကာခြင်းနှင့် Quarantine ဝင်သူများနေထိုင်ရန် ကုတင် မွေယာများ ကို စက်တင်ဘာလ ၂၀ ရက်နောက်ဆုံးထား ကာ လိုအပ်တာများ ဖြည့်စည်း လုပ်ဆောင်ပေးသွား မှာဖြစ်တယ်လို့ လုပ်ငန်း တာဝန်ခံ ဦးအေးငွေမှ ပြောပါတယ်။

 

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ အသင်းအနေနဲ့ Quarantine Center. အဆင်သင့် ထားရှိစေနိုင်ဖို့ အဖွဲ့(၇)ဖွဲ့ခွဲကာ လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

 

အောင်မြင့်မိုရ်အိမ်ရာကို လူအယောက် (၅၀၀၀)ဆံ့ Quarantine Center. ဟာဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်အဆောက်အဦ(၄၄)လုံးရှိ အခန်းပေါင်း (၁၀၅၆)ခန်းအား တစ်ခန်းလျှင် လူသုံးဦးနူန်းနဲ့ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် Quarantine Center အဖြစ်အသုံးပြုနိုင်ရေး လူအယောက် (၅၀၀၀) အတွက် ပြင်ဆင်လုပ်ဆောင်သွားမှာဖြစ်တယ် လို့သိရပါတယ်။

 

အိအိကျော် (Skynet UptoDate)

Read times
Rate this item
(0 votes)