What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 April 2020 11:06

အမေရိကန် နဲ့ ဥရောပရဲ့ ကိုရိုနာဗိုင်းရပ်စ်က ဘာကြောင့် သေဆုံးမှုနှုန်းမြင့်တက်နေတာလဲ

90251442_832926683874316_4730726126572273664_n.png

 

အရင်ဆုံး ကိုဗစ်-19 ကြောင့် သေဆုံးမှု့နှုန်းကို ကြည့်လိုက်မယ်ဆိုရင် ဝူဟန်ဗိုင်းရစ် မွေးဖွားရာဒေသ တရုတ်က ဇယားထိပ်မှာ ရှိခဲ့တယ်။ နောက်ပိုင်းမှာ အီတလီနဲ့ အမေရိကန်တို့က ကျော်တက်သွားခဲ့တယ်။ တွေးကြည့်မယ်ဆိုရင်တော့ ဒီအဖြေက ရိုးရှင်းပါတယ်။ အာရှတိုက် နဲ့ ဥရောပ / အနောက်နိုင်ငံတွေမှာဖြစ်တဲ့ Covid - 19 က လုံးဝ မျိုးရိုးဗီဇ မတူပါဘူး။

 

ဘာလို့ကွဲပြားသလဲဆိုတာကို ဥပမာအားဖြင့် ပြောရရင် Parasite တစ်ကောင်ဖြင့် ရှင်းပြချင်ပါတယ်။ ကပ်ပါးကောင် တစ်ကောင် မွေးဖွားလာမယ် ပထမ Host တစ်ကောင်မှာ ကပ်နေမယ် ထို Host မှာ Host ရဲ့ အရင်းအမြစ်တွေကို လိုအပ်သလောက်ရယူထားမယ် နောက် Host စီကို ထပ်ကပ်တွယ်မယ်ဆိုပါတော့ ဒီကပ်ပါးကောင်က သက်တမ်းအားဖြင့်လဲ ကြာသွားပြီမို့ စွမ်းအင်ပိုမြင့်သွားပါပြီ နောက်တစ်ခုက အရင် Parasite ပေမဲ့ မတူတော့တဲ့ Powerful တစ်ကောင်ဖြစ်နေပါပြီ။

 

ပြောရရင်တော့ ကိုဗစ် 19 ကလည်း ထိုနီးတူစွာပဲ အာရှဘက်ကနေ ထိုရောဂါပိုးက ဥရောပက လူတွေဆီရောက်သွားတယ် ဒီကြားထဲ မှာ ရောဂါဖြစ်တဲ့ သူတွေက နေတစ်ဆင့် တစ်ဆင့်ကူးသွားတာမို့ ဥရောပဘက်က ရောဂါ ပိုးက အချိန်အားဖြင့်လည်း ကြာသလို ပိုပြီး အားကောင်းလာတဲ့ ကိုဗစ်ဗိုင်းရပ်စ် တစ်မျိုးအဖြစ်ရောက်ရှိသွားပါတယ်။ ဥပမာအားဖြင့် Host ပေါင်းစုံကနေ တစ်ဆင့်ပြီး တစ်ဆင့် ဖြတ်ကျော်ခဲ့တာကြောင့် ဖြစ်ပါတယ်။

 

ကမ်းဘရစ်တက္ကသိုလ်မှ ဆေးဝါးသိပ္ပံပညာရှင် Jonathan Heeney ပြောကြားချက်အရတော့ ' အာရှတိုက်မှာ ဝူဟန်ဖြစ်ခါစက ကျွန်တော်က ဒီဇင်ဘာပိတ်ရက်ကြီးမို့ ကနေဒါမှာရှိတဲ့ ကျွန်တော့် သူငယ်ချင်းအိမ်မှာ ကျွန်တော် သတင်းဖတ်မိတယ် ဝူဟန်ရောဂါအကြောင်းပေါ့ စစပိုင်းမှာ ကြည့်ရတာ ဝူဟန်က အဖျား တစ်မျိုး လိုလို ၊ အဆုတ်ရောင်ရောဂါ လိုလိုရောဂါတစ်မျိုးဖြစ်ပြီး သူရဲ့ ဖြစ်ပွားရာ ဒေသဖြစ်တဲ့ တရုတ်ပြည်ရဲ့ ဝူဟန်မှာပဲ နေတဲ့ ရောဂါပိုး တစ်မျိုးလို့ပဲ သိထားတာပါ ' လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့ထက် အာရှတိုက်ဘက်မှာဖြစ်တဲ့ ဝူဟန်က ပျော့တယ် ဥရောပ ဘက်က ဝူဟန်က ပြင်းတယ် ဖြစ်လာရော ကမ်းဘရစ် တက္ကသိုလ်ရဲ့ ဆေးဝါးသိပ္ပံ ပညာရှင် Jonathan Heeney နဲ့ သူ့ရဲ့ အဖွဲ့သားများ လေ့လာ ချက်အရ ဝူဟန်တောင်တူနေပေမဲ့ အာရှ တိုက်က ဝူဟန်နဲ့ ဥရောပ က ဝူဟန်က မတူပါဘူး မျိုးရိုးဗီဇ ကွဲပြားနေတယ်လို့ ပြောလို့ ရပါတယ်။ Jonathan Heeney က ဆိုရင်တော့ ဖြင့် ဝူဟန်ကို ကုသဖို့ ဆေးဝါးထုတ်လုပ်ရေးကို လုပ်ကိုင်နေတယ်သိရပါတယ်။

 

ဝူဟန်ပျောက်ဖို့ ဘေးထွက်ဆိုးကျိုးတွေနည်းတဲ့ ဆေးကို တကယ်တန်း ထုတ်လုပ်မယ်ဆိုရင် ၁၂ လ ကနေ ၁၈ လထိ ကြာမြင့်နိုင်သလို ဒီလိုရောဂါမျိုးကိုကုသဖို့ ဆေးထုတ်လုပ်တဲ့ အချိန်ကာလကလည်း အမြန်ဆုံးလို့လည်း ပြောလို့ရပါတယ်။

 

ဒီဆေးကို ဖော်ထုတ်ဖို့ Bill & Melinda Gates Foundation ကလည်း ဂျာမန်ကို ထောက်ပံနေတယ် အလှူငွေ ပံပိုးပေးနေတယ်သိရပြီး Jack Ma Foundation ကလည်း တရုတ်ကို ထောက်ပံနေတယ်လို့ သိရပါတယ်။

 

နိုင်ငံအားဖြင့် အမေရိကန် ၊ တရုတ် ၊ ဂျာမနီ က အသည်းအသန် ရောဂါကုသဖို့အတွက် ဆေးဝါးကိုရှာဖွေနေပြီး တရုတ် နဲ့ အမေရိကန်ဆိုရင် လူသားတွေနဲ့ပါ ၎င်းတို့ရဲ့ Covid 19 ကုသဖို့အတွက် အသုံးပြုဆေးဝါးကို ဆန်းသပ်နေပြီလို့ သိရပါတယ်။

 

ဆေးဝါးဓာတ်ခွဲ စမ်းသပ်ခန်း ၄ ခုက ကြွက် ၊ ဖား ၊ မျောက် စတဲ့ တိရစ္ဆာန်တွေနဲ့ ထိုဆေးကို ထုတ်ဖော်ဖို့ စမ်းသပ်နေကာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။ ဒါ့အပြင် အဆိုပါဆေးကို ထုတ်ဖော်ဖို့ ဆေးဝါးလုပ်ငန်းစု ၃၄ ခုကနေ အပြိုင်အဆိုင် စမ်းသပ်နေတယ်သိရပါတယ်။

 

အမေရိကန်မှာ အားသာတာက Super Computer နည်းနဲ့ research လုပ်နိုင်ပြီး တရုတ်နိုင်ငံမှာတော့ Jack Ma နဲ့ အစိုးရတို့ရဲ့ ထောက်ပံပိုးငွေ နဲ့ ဆေးဝါးရှာနေတယ်သိရပါတယ်။ ဂျာမန်ကိုတော့ European Union အဖွဲ့အစည်း နဲ့ ဂျာမန် သူဌေး Dietmar Hopp နဲ့ Bill Gates တို့ မှ ထောက်ပံ ပေးနေတယ်သိရပါတယ်။

 

ပြောရရင်တော့ အခုအချိန်မှာ ဘယ်သူက အောင်မြင်မလဲ မသိဘူးရယ် ဆေး ထုတ်လုပ်တဲ့သူတွေကလည်း တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အတွင်းမှ တစ်သျှူးတွေယူ စမ်းးသပ်နေကြပေမဲ့ တကယ်တန်းမှာ မှန်ကန်တဲ့ ဆေးဝါးရှာတွေ့ဖို့က ခက်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယခုCOVID-19 ဆေး စမ်းသပ်ဖော်ထုတ်မှုက ပေးဆပ်မှုများလည်း ရှိသလို့ အန္တရာယ်လည်းများတယ်လို့ သိရပါတယ်။

 

90165828_212716063139335_1462378197545910272_n.png

 

Ref; The Guardian

Written By Health Products Directory

Read times
Rate this item
(1 Vote)