What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 September 2020 13:37

စစ်တွေမြို့၊ ရောဂါကူးစက်ခံရသူ AYA Bank ဝန်ထမ်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

၁။ စစ်တွေမြို့၊ ဧရာဝတီဘဏ်ခွဲရှိ ဝန်ထမ်းတစ်ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ

 

(၈.၉.၂၀၂၀) နေ့တွင် COVID-19 Positive လူနာ (Case No- 1601) အဖြစ်ကြေညာခဲ့ပြီး ထို့နေ့မှ စတင်၍ ဆေးကုသမှု ခံယူခဲ့ပါသည်။

 

အဆိုပါဝန်ထမ်းသည် ယခုအခါတွင် ကျန်းမာရေး အခြေအနေတိုးတက်ကောင်းမွန်လာသဖြင့် (၂၀.၉.၂၀၂၀) တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ပါသည်။

 

၂။ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေအိမ်တွင် တစ်ပတ်တိတိ အနားယူလျက်ရှိပါသည်။

 

ဝန်ထမ်း (Case No- 1601) နှင့်အတူ ထိတွေ့ခဲ့သော ဝန်ထမ်း (၂၅)ဦးမှာ Hotel Quarantine ဝင်ရောက်ခဲ့ပြီး ယင်းတို့အနက် (၂)ဦးမှာ ပိုးတွေ့ရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကာ ပိုးမတွေ့ရှိသူ (၂၃)ဦးကို ဒုတိယအကြိမ် ဆေးစစ်မှုကို (၂၁.၉.၂၀၂၀) တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပါသည်။ အတည်ပြုလူနာအဖြစ်သတ်မှတ်ခံရသော ဝန်ထမ်း၊ အခြား ထိတွေ့ ခံရသော ဝန်ထမ်းများနှင့်မိသားစုများကိုလည်း လိုအပ်သော အကူအညီများအား ပေးအပ်လျက်ရှိပါသည်။

 

၃။ Customer များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးလုံခြုံစိတ်ချရေးသည် ဧရာဝတီဘဏ်၏ အဓိက ဦးစားပေးဖြစ်ပါသည်။

 

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ် လီမိတက်

Image may contain: text

 

Read times
Rate this item
(0 votes)