What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 17:50

COVID-19 အတည်ပြုလူနာ C22 ခရီးသွားမှတ်တမ်း

90251442_832926683874316_4730726126572273664_n.png

 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-022)၊ အသက် (၅၁) နှစ်အရွယ် အမျိုးသမီး သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီး သမီး (လူနာ-၂၁) နှင့် သားဖြစ်သူ တို့နှင့်အတူ (၇-၃-၂၀၂၀)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့သို့ အလည် သွားရောက်ခဲ့ပြီး (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ လေယာဥ်ဖြင့်ပြန်လာရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက် ရှိခဲ့ပါသည်။

 

၄င်းနေ့မှစတင်၍ အဆိုပါလူနာ၊၄င်း၏သမီးနှင့်သားတို့အား ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။

 

(၄-၄-၂၀၂၀) ရက်နေ့တွင် ၄င်း၏သမီးဖြစ်သူ လူနာ (၂၁)၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးအတူသွားရောက်ခဲ့သည့် လူနာ (၂၂) နှင့် ၄င်း၏သားတို့အား (၅-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဝေဘာဂီအထူးကုဆေးရုံကြီး တွင် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားရှိခဲ့ပါသည်။ ၄င်းတို့ထံမှ ဓာတ်ခွဲ နမူနာ ရယူစစ်ဆေးခဲ့ရာ လူနာအမှတ် (၂၂) ၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုး တွေ့ရှိ ခဲ့ပါသည်။ ၄င်း၏သား တွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

 

လူနာ၏ လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိပါသည်။

လူနာ (၂၂) ၏ ခရီးသွားရာဇဝင်

 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ (၂၄-၃-၂၀၂၀)ရက်နေ့တွင် KE-082 (ခုံမှတ်-62) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

 

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအချိန်တွင် KE-659 (ခုံမှတ်-40) ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပါသည်။

 

(၂၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ MAI 8M-336 (ခုံမှတ်-18) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

 

လေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားဟိုတယ်တွင် အသွားအလာကန့်သတ် ထားရှိရန် ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ရာ ကားပေါ်တွင် ကျန်ခရီးသည် (၁၈) ဦးခန့် နှင့်အတူ စီး နင်းခဲ့ပါသည်။ ၄င်းတို့အား ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

Read times
Rate this item
(0 votes)