What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 22:13

COVID-19 အတည်ပြုလူနာ C-6,C-7,C-8 ခရီးသွားမှတ်တမ်းများ

90251442_832926683874316_4730726126572273664_n.png


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ခြင်း လုပ်ငန်းအတွက်ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြုံပြုချက်များအပေါ် မူတည်၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ၏ ရောဂါ လက္ခဏာ များ စတင်မပြသမီ (၂)ရက်နှင့် ရောဂါလက္ခဏာပြသပြီး (၁၄) ရက်အတွင်း လူနာနှင့် အနီးကပ် ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူ အိမ်သားများနှင့် ၎င်းတို့ တည်းခိုနေထိုင်ခဲ့ရာနေရာများ၊ လုပ်ငန်းအတူဆောင်ရွက်ခဲ့သူများ၊ အနီးကပ်ထိတွေ့သူများ၊ ခရီးစဉ်အတွင်း အတူတကွသွားရောက်ခဲ့သူများအား နေအိမ်တွင်တိကျစွာ အသွား အလာ ကန့်သတ်ခြင်း (Strict home quarantine) ပြုလုပ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ ထိုသို့စောင့်ကြပ်ကြည့်ရှုရာတွင် အိမ်သားများအပါအဝင် ပြည်သူလူထုအားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု အထူးလိုအပ်ပါသည်။

 

သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါလက္ခဏာများ စတင်မပြသမီ (၂)ရက်နှင့် ရောဂါလက္ခဏာပြသပြီး (၁၄)ရက် အတွင်း အများ ပြည်သူများနှင့် ထိတွေ့ဆက်စပ်မှုရှိနိုင်သည့် နေရာများသို့ သွားရောက်ခဲ့မှုအား ထုတ်ပြန်သွား မည် ဖြစ်ရာ ၎င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့ အစည်း များနှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ် ပါသည်။

 

C-6 ဓာတ်ခွဲအတည်ပြုလူနာ

အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဝေဘာဂီဆေးရုံ)

 

- ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒိုဟာသို့ Qatar Airline (0010 H) ဖြင့်‌လည်း ကောင်း၊ ဒိုဟာမှဘန်ကောက်သို့ Qatar Airline (0830 H) ဖြင့်လည်းကောင်း၊ (၂၁-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံသို့ PG 701 ဖြင့် လည်းကောင်း စီးနင်းလိုက်ပါလာခဲ့ပါသည်။

 

၎င်းသည် (၂၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၄၅) တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နေအိမ်တွင် Self - quarantine ဖြင့် နေထိုင်စဉ် ၎င်းနှင့် ခရီးအတူသွားခဲ့သူ (Case-03) ၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းအား ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်(၂၆-၃-၂၀၂၀) ရက်နေ့မှစ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ် ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန် သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။ အဆိုအပါ အမျိုးသားသည် ယနေ့ (၂၉-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းအထိ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် သံသယ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိကြောင်း သိရှိရပါသည်။

 

C-7 ဓာတ်ခွဲအတည်ပြုလူနာ

ဂျီနီဗာမြို့၊ ဆွစ်ဇာလန်နိုင်ငံ (နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး)  (နေပြည်တော်ရှိ ဟိုတယ်တွင် တည်းခိုနေထိုင်)

 

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် ဘန်ကောက်မြို့မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်းကောင်း ရောက်ရှိ ခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်နေစဉ် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သီးခြားထားရှိကုသပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

 


C-8 ဓာတ်ခွဲအတည်ပြုလူနာ { ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ရန်ကုန်ပြည်သူ့ဆေးရုံကြီး) }

 

- ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုး သမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၆-၃-၂၀၂၀)ရက်နေ့တွင် လာရောက် ပြသခဲ့ပါသည်။

 

- (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါ သည်။

 

- အဆိုပါလူနာသည် ဧည့်လမ်းညွှန်အဖြစ်အလုပ်လုပ်ကိုင်သူဖြစ်ပြီး (၁၄-၃-၂၀၂၀) ရက် နေ့မှ (၂၂-၃-၂၀၂၀)ရက်နေ့ထိ ပြစ်သစ်နိုင်ငံသား(၁၁)ဦးနှင့်အတူ ခရီးသွားလာခဲ့ပါ သည်။


- အဆိုပါလူနာသည် ရောဂါလက္ခဏာမပေါ်ပေါက်မီ (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန် မြို့၌ ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း၊ ပန်းဆိုးတန်းနှင့် ရွှေတိဂုံဘုရားသို့ သွားရောက် လည်ပတ်ခဲ့ ကြောင်းသိရှိရပါသည်။

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)