ကျပ်နှစ်သိန်းပေးပြီး ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးသည့် နေရာတွင် ဆေးစစ်မည့်သူများ ကြိတ်ကြိတ်တိုးနေကြောင်းကို
လွှတ်တော်အမတ် ဦးကျော်ဇေယျက ၎င်း၏ Facebook စာမျက်နှာတွင် ယခုလို ရေးသားဖော်ပြထားပါသည်။
ယနေ့တော့ လုံးဝကို စိတ်ချမ်းသာမှု မရှိပါ ခင်ဗျာ၊
အောက်ဖော်ပြပါ ပုံများကတော့ ကျွန်တော်၏ ဒဂုံမြို့နယ် မဲ
ဆန္ဒနယ်မြေမှာတည်ရှိပါသောဗဟိုအမျိုးသားဓာတ်ခွဲခန်းကြီး
ရှေ့မှာ ပြည်ပ ပြန်ကြမည့် နိုင်ငံသားများက ကိုဗစ်ပိုး ရှိ/မရှိ
လက်မှတ်ရရှိရေးအတွက် မြန်မာငွေ ကျပ် နှစ်သိန်းပေး ကာ
လူအုပ်စုကြီး ဖြင့် ကြိတ်ကြိတ် တိုးကာ လာစစ် နေကြတာပါ၊
ဓာတ်ခွဲခန်းမှာကလည်း ကျွမ်းကျင်ဝန်ထမ်းကအလွန်ပင်နဲပါး
နေသောကြောင့် ပြည်တွင်းရော၊ပြည်ပအတွက် ပါ အချိန်မှီ
စစ်ဆေးပေးနိုင်ဖို့ အခက်တွေ့လျှက်ရှိနေပါတယ်၊
သန့်ရှင်းရေးဝန်ထမ်းသည် ပင် အင်အားက နဲပါးနေ တော့
ရုံးဝန်းကျင်မှာ စွန်ပစ် အမှိုက်များကလည်း တကယ့် ကို ပင်အန္တရာယ် ပါဘဲ ခင်ဗျာ၊အတတ်နှိင်ဆုံးတော့ ကူညီပေးဖို့ တာ
ဝန်ရှိသူများကို ညှိုနှိုင်းကာ မှာကြား ခဲ့ပါသည် ခင်ဗျ