What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 February 2020 16:28

(၇-၂-၂၀၂၀ ရက်နေ့၊ ညနေ(၄ း ၀၀) နာရီ) 2019 Novel Coronavirus လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV အသက်ရှူလမ်းကြောင်းဆိုင်ရာ

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ (၂၄) နာရီ ဆက်သွယ်နိုင်သော တယ်လီဖုန်းနံပါတ်(Hotline) များထားရှိ၍ ပြည်သူလူထုမှ ပေးပို့သောသတင်း များအားရယူကာ ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်း၊ သတင်းမှန်ပြန်ကြားခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသောသတင်းများအား စောင့်ကြည့်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများမှ ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် -

 

(က) - (၅-၂-၂၀၂၀)ရက်နေ့၊ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်မြို့နယ်၊ (၁၃)ရပ်ကွက်ရှိ သိုးမွေးအထည်ချုပ်စက်ရုံ (၁)ရုံတွင် လုပ်ကိုင်နေသော တရုတ် ပြည်သူ့သမ္မတနိုင်ငံမှရောက်ရှိလာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား (၁)ဦး သည် ဖျားနာချောင်းဆိုးနေကြောင်းနှင့် အခြား(၁)ဦးမှာလည်း ဖျားနာနေကြောင်း သတင်းပေးပို့ခဲ့သဖြင့် သတင်းရရှိလျှင်ရရှိချင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့မှ ဒေသခံအာဏာပိုင်များ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 

- ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အဆိုပါကုမ္ပဏီ၌
နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း (၆၅)ဦးရှိသည့်အနက် (၁၆)ဦးမှာ (၁-၂-၂၀၂၀)ရက်နေ့မှ (၄-၂-၂၀၂၀) ရက်နေ့ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အသီးသီးပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဖျားနာခြင်းမရှိဘဲ ကျန်းမာလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

 

- တာဝန်ရှိသူများက 2019-nCoV လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး သံသယရောဂါလက္ခဏာများရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်သတင်းပေးပို့ရန်မှာကြားခဲ့ပါသည်။ ၎င်းတို့ တွင် သံသယရောဂါလက္ခဏာများ ရှိ၊ မရှိ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

(ခ) - (၅-၂-၂၀၂၀)ရက်နေ့တွင် လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများ၌ ဆားလင်းကြီး မြို့နယ်ရှိ သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (၁) ခုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား (၁) ဦး ရုတ်တရက်ဖျားနာသေဆုံးကြောင်း သတင်းများပျံ့နှံ့ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေးအဖွဲ့နှင့် ဆားလင်းကြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒေသခံအာဏာပိုင် များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 

- ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အဆိုပါကုမ္ပဏီ၌ ဝန်ထမ်းနှင့်မိသားစုစုစုပေါင်း (၁၀၁)ဦးရှိကြောင်းတွေ့ရှိရပြီး ရုတ်တရက်
ဖျားနာသေဆုံးသူမရှိသည့်အပြင် ဝန်ထမ်း နှင့်မိသားစုဝင်အားလုံး၌ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါကြောင်းနှင့် လွန်ခဲ့သော (၁၄) ရက်အတွင်းတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သူမရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

 

- ထို့အပြင် ကွင်းဆင်းအဖွဲ့သည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ အခြားသတ္တု ထုတ်လုပ်ရေးကုမ္ပဏီ (၄)ခုသို့လည်း သွားရောက်ကာ 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်ရုံများရှိဝန်ထမ်းနှင့်မိသားစုဝင်အားလုံးမှာ ကျန်းမာ ရေးကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းတို့တွင် သံသယရောဂါ လက္ခဏာများ ရှိ၊ မရှိ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

(ဂ) - (၆-၂-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်သူတစ်ဦးမှဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ Hotline (၀၆၇-၃၄၂၀၈၀၂) သို့ဆက်သွယ်၍ ရွှေပြည်သာ မြို့နယ်၊ လှော်ကားဝါးတစ်ရာစက်မှုဇုံ (၃)ရှိအထည်ချုပ်စက်ရုံ (၁) ခုတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသား (၇)ဦးအနက် (၃) ဦးမှာဖျားနာလျက်ရှိကြောင်းနှင့်၎င်းတို့(၇) ဦးမှာ တရုတ်နှစ်သစ်ကူးအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ခဲ့ပြီး (၂-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း အကြောင်းကြားလာခဲ့သဖြင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနသို့ဆက်သွယ်၍ အဆိုပါသတင်းအားအတည်ပြု စစ်ဆေး ပေးနိုင်ရေးအတွက် အကြောင်းကြားခဲ့ပါသည်။

 

- ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရွှေပြည်သာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သတင်းရရှိလျှင် ရရှိချင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါတရုတ်ပြည်သူ့သမ္မတနိုင်ငံသား (၇) ဦး တို့သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ၎င်းတို့ တွင် သံသယရောဂါလက္ခဏာများရှိ၊ မရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ယနေ့၊ နံနက်ပိုင်းအထိ သံသယလူ (၂)ဉီး အပါအဝင် လူနာ (၇)ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

 

၃။ ပြည်သူများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း သွားရောက်ခဲ့ပြီးဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် သံသယရောဂါလက္ခဏာများ ရှိသည့် လူနာများကိုတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့လည်းကောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ နေပြည်တော် (Hotline – 067-3420802) သို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေ့စဉ်အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိသော သတင်းများနှင့် ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး ပညာပေးသတင်းအချက်အလက်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်တွင်းသတင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)၊ MRTV facebook ၊ MOHS facebook နှင့် Myanmar CDC facebook တို့တွင် နေ့စဉ်ကြည့်ရှုနိုင်ပါသည်။

 

(Zawgyi)

======

(၇-၂-၂၀၂၀ ရက္ေန႔၊ ညေန(၄ း ၀၀) နာရီ) 2019 Novel Coronavirus လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 


၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ 2019-nCoV အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိရာ (၂၄) နာရီ ဆက္သြယ္ႏိုင္ေသာ တယ္လီဖုန္းနံပါတ္(Hotline) မ်ားထားရွိ၍ ျပည္သူလူထုမွ ေပးပို႔ေသာသတင္း မ်ားအားရယူကာ ကြင္းဆင္းစစ္ေဆးအတည္ျပဳျခင္း၊ သတင္းမွန္ျပန္ၾကားျခင္း၊ က်န္းမာေရး အသိပညာေပးျခင္း၊ လူမႈကြန္ရက္ႏွင့္ အင္တာနက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနေသာသတင္းမ်ားအား ေစာင့္ၾကည့္၍ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ျပည္သူ႔ က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမ်ားမွ ကြင္းဆင္းစစ္ေဆးအတည္ျပဳျခင္း စသည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ -

 

(က) - (၅-၂-၂၀၂၀)ရက္ေန႔၊ ညေနပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ပုသိမ္ၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္ရွိ သိုးေမြးအထည္ခ်ဳပ္စက္႐ုံ (၁)႐ုံတြင္ လုပ္ကိုင္ေနေသာ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံမွေရာက္ရွိလာခဲ့သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား (၁)ဦး သည္ ဖ်ားနာေခ်ာင္းဆိုးေနေၾကာင္းႏွင့္ အျခား(၁)ဦးမွာလည္း ဖ်ားနာေနေၾကာင္း သတင္းေပးပို႔ခဲ့သျဖင့္ သတင္းရရွိလွ်င္ရရွိခ်င္း ဧရာဝတီတိုင္းေဒသႀကီး ျပည္သူ႔ က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမႉး ဦးေဆာင္ေသာအဖြဲ႕မွ ေဒသခံအာဏာပိုင္မ်ား ႏွင့္အတူ ကြင္းဆင္းစစ္ေဆးခဲ့ပါသည္။

 

- ထိုသို႔ကြင္းဆင္းစစ္ေဆးခဲ့ရာတြင္ အဆိုပါကုမၸဏီ၌
ႏိုင္ငံျခားသားအလုပ္သမား စုစုေပါင္း (၆၅)ဦးရွိသည့္အနက္ (၁၆)ဦးမွာ (၁-၂-၂၀၂၀)ရက္ေန႔မွ (၄-၂-၂၀၂၀) ရက္ေန႔ အတြင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ အသီးသီးျပန္လည္ေရာက္ရွိ ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ၎တို႔သည္ ဖ်ားနာျခင္းမရွိဘဲ က်န္းမာလ်က္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါသည္။

 

- တာဝန္ရွိသူမ်ားက 2019-nCoV လတ္တေလာအသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ႏွင့္ပတ္သက္၍ က်န္းမာေရးအသိပညာေပးခဲ့ၿပီး သံသယေရာဂါလကၡဏာမ်ားရွိပါက က်န္းမာေရးဌာနသို႔ ခ်က္ခ်င္းဆက္သြယ္သတင္းေပးပို႔ရန္မွာၾကားခဲ့ပါသည္။ ၎တို႔ တြင္ သံသယေရာဂါလကၡဏာမ်ား ရွိ၊ မရွိ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈလုပ္ငန္းမ်ားကို လည္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

 

(ခ) - (၅-၂-၂၀၂၀)ရက္ေန႔တြင္ လူမႈကြန္ရက္ႏွင့္ အင္တာနက္စာမ်က္ႏွာမ်ား၌ ဆားလင္းႀကီး ၿမိဳ႕နယ္ရွိ သတၱဳထုတ္လုပ္ေရးကုမၸဏီ (၁) ခုတြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား (၁) ဦး ႐ုတ္တရက္ဖ်ားနာေသဆုံးေၾကာင္း သတင္းမ်ားပ်ံ႕ႏွံ႔ခဲ့သျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ အထူးေရာဂါႏွိမ္နင္းေရးအဖြဲ႕ႏွင့္ ဆားလင္းႀကီး ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားသည္ ေဒသခံအာဏာပိုင္ မ်ားႏွင့္ပူးေပါင္း၍ ကြင္းဆင္းစစ္ေဆးခဲ့ပါသည္။

 

- ထိုသို႔ကြင္းဆင္းစစ္ေဆးခဲ့ရာတြင္ အဆိုပါကုမၸဏီ၌ ဝန္ထမ္းႏွင့္မိသားစုစုစုေပါင္း (၁၀၁)ဦးရွိေၾကာင္းေတြ႕ရွိရၿပီး ႐ုတ္တရက္ ဖ်ားနာေသဆုံးသူမရွိသည့္အျပင္ ဝန္ထမ္း ႏွင့္မိသားစုဝင္အားလုံး၌ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါေၾကာင္းႏွင့္ လြန္ခဲ့ေသာ (၁၄) ရက္အတြင္းတြင္လည္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ သြားေရာက္ခဲ့သူမရွိေၾကာင္းကို စစ္ေဆးေတြ႕ရွိခဲ့ရပါသည္။

 

- ထို႔အျပင္ ကြင္းဆင္းအဖြဲ႕သည္ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းရွိ အျခားသတၱဳ ထုတ္လုပ္ေရးကုမၸဏီ (၄)ခုသို႔လည္း သြားေရာက္ကာ 2019-nCoV လတ္တေလာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ စက္႐ုံမ်ားရွိဝန္ထမ္းႏွင့္မိသားစုဝင္အားလုံးမွာ က်န္းမာ ေရးေကာင္းမြန္လ်က္ရွိေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။ ၎တို႔တြင္ သံသယေရာဂါ လကၡဏာမ်ား ရွိ၊ မရွိ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈလုပ္ငန္းမ်ားကိုလည္း ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

 

(ဂ) - (၆-၂-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ပိုင္းတြင္ ျပည္သူတစ္ဦးမွဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ၏ Hotline (၀၆၇-၃၄၂၀၈၀၂) သို႔ဆက္သြယ္၍ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ ေလွာ္ကားဝါးတစ္ရာစက္မႈဇုံ (၃)ရွိအထည္ခ်ဳပ္စက္႐ုံ (၁) ခုတြင္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံသား (၇)ဦးအနက္ (၃) ဦးမွာဖ်ားနာလ်က္ရွိေၾကာင္းႏွင့္၎တို႔(၇) ဦးမွာ တ႐ုတ္ႏွစ္သစ္ကူးအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး (၂-၂-၂၀၂၀) ရက္ေန႔တြင္ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း အေၾကာင္းၾကားလာခဲ့သျဖင့္ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲမွ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ႏွင့္ကုသေရး ဦးစီးဌာနသို႔ဆက္သြယ္၍ အဆိုပါသတင္းအားအတည္ျပဳ စစ္ေဆး ေပးႏိုင္ေရးအတြက္ အေၾကာင္းၾကားခဲ့ပါသည္။

 

- ရန္ကုန္တိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန၊ ေ႐ႊျပည္သာ ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ သတင္းရရွိလွ်င္ ရရွိခ်င္း ကြင္းဆင္းစစ္ေဆးခဲ့ရာ အဆိုပါတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား (၇) ဦး တို႔သည္ က်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါသည္။ ၎တို႔ တြင္ သံသယေရာဂါလကၡဏာမ်ားရွိ၊ မရွိေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈလုပ္ငန္းမ်ား ကိုလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

 

၂။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ယေန႔၊ နံနက္ပိုင္းအထိ သံသယလူ (၂)ဉီး အပါအ၀င္ လူနာ (၇)ဉီးတို႔အား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈကုသမႈ ေပးလ်က္ရွိၿပီး ၄င္းတို႔၏က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။

 

၃။ ျပည္သူမ်ားအေနျဖင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ လြန္ခဲ့ေသာ (၁၄) ရက္အတြင္း သြားေရာက္ခဲ့ၿပီးဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္းစသည့္ သံသယေရာဂါလကၡဏာမ်ား ရွိသည့္ လူနာမ်ားကိုေတြ႕ရွိပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔လည္းေကာင္း၊ ျပည္သူ႔က်န္းမာ ေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ၊ ေနျပည္ေတာ္ (Hotline – 067-3420802) သို႔ သတင္းေပးပို႔ၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

 

၄။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ေန႔စဥ္အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္ေပးလ်က္ ရွိေသာ သတင္းမ်ားႏွင့္ ေရာဂါကာကြယ္ေရးအတြက္ လိုက္နာေဆာင္႐ြက္ရမည့္ က်န္းမာေရး ပညာေပးသတင္းအခ်က္အလက္မ်ားအား ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ျပည္တြင္းသတင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ အင္တာနက္စာမ်က္ႏွာ (www.mohs.gov.mm)၊ MRTV facebook ၊ MOHS facebook ႏွင့္ Myanmar CDC facebook တို႔တြင္ ေန႔စဥ္ၾကည့္ရႈႏိုင္ပါသည္။

Read times
Rate this item
(0 votes)