What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 September 2020 10:10

Apple ရဲ့ လူပြောများနေတဲ့ Face Mask ဘူးဖွင့် ဗီဒီယို

coronavirus ကပ်ကာလအတွင်း အက်ပ်ပဲရဲ့ လက်လီဆိုင်ဝန်ထမ်းတွေ ဝတ်ဆင်ဖို့အတွက်

အက်ပ်ပဲရဲ့ Engineering and Industrial Design က မတ်စ်တစ်ခုကို ဒီဇိုင်းထုတ်ခဲ့ပြီး Face Mask လို့ အမည်ပေးခဲ့တယ်။ မေးစေ့နဲ့ နှာခေါင်းတစ်ဝိုက် ပိုလုံအောင် လုပ်ပေးထားတဲ့ ဒီဇိုင်းလို့ ဆိုပါတယ်။

မတ်စ်တစ်ထုပ်မှာ မတ်စ်ငါးခု ပါတယ်။ မတ်စ် ချောင်မနေအောင် တင်းပေးဖို့ နားရွက်ချိတ်တဲ့ ကွင်းနှစ်ခုကို တင်းဖို့လည်း စီစဉ်ပေးထားတယ်။ ဘယ်လို သုံးရမလဲဆိုတာကို အလုံပိတ်ထားတဲ့ အထုပ်ပေါ်မှာ အက်ပ်ပဲရဲ့ စတိုင်နဲ့ ဖော်ပြပေးထားတယ်။ အထုပ်ကို မကိုင်ခင် လက်ကို အရင် သေသေချာချာ ကျကျနန ဆေးဖို့ ညွန်ကြားထားတယ်။ ပြီးမှ မတ်စ်ကို ထုတ်ယူပြီး မျက်နှာပေါ်မှာ နားရွက်ချိတ်ပြီး တပ်ဆင်ရမယ်။ ပြီးရင် တင်းအောင် ချိန်ညှိပေးရမယ်။
အက်ပ်ပဲမှ ဒီဇိုင်းထုတ်ပြီး တရုတ်ပြည်မှာ တပ်ဆင်သည် "Designed by Apple in California, Assembled in China" လို့ ဘူးမှာ ဖော်ပြထားတယ်။
သုံးလွှာပါ မတ်စ် အမျိုးအစားဖြစ်ပြီး အရည်အသွေးမြင့်တဲ့ အထည်သားတွေကို သုံးထားတယ်။ အသားက နူးညံ့တယ်လို့ ဆိုပါတယ်။ ပိုးလုံတဲ့ အဆင့်ကိုတော့ N95 လိုမျိုး မတ်စ် အတန်းအစားအမြင့် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါးစပ်နဲ့ နှာခေါင်းတို့မှ ထွက်လာတဲ့လေကို စစ်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

အရွယ်အစားအမျိုးမျိုးဖြင့် ထုတ်လုပ်ထားပြီး ၅ ကြိမ်တိုင်တိုင် လျှော်ဖွတ်ပြီး ပြန်လည်ဝတ်ဆင်လို့ ရပါတယ်။
နောက်ထပ် မတ်စ်တစ်မျိုး အက်ပ်က ဒီဇိုင်းထုတ်ထားတာက ClearMask ဖြစ်ပါတယ်။ မတ်စ် ဝတ်ဆင်ထားသူရဲ့ နှုတ်ခမ်းတွေကို မြင်သာနေတာမို့ နားလေးတဲသူ နားမကြားတဲ့သူတွေက ပါးစပ်မှ နှုတ်ခမ်းတွေ လှုပ်ပုံကို ကြည့်ပြီး ဘာပြောတာလဲဆိုတာ ခန့်မှန်သိရှိနိုင်စေမှာ ဖြစ်ပါတယ်။ အဲဒီ ထွင်းဖောက်မြင်မတ်စ်တွေကိုတော့ အက်ပ်ပဲက ဆွံ့အနားမကြား တက္ကသိုလ်တစ်ခု ဖြစ်တဲ့ Gallaudet University မှ ကျောင်းသူကျောင်းသားတွေနဲ့အတူ လုပ်ကိုင်နေပါတယ်။

 

 

Read times
Rate this item
(0 votes)