What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 13:27

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ည ၉ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရန် အမိန့် ၂ လထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် နေ့စဉ် ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန်အမိန့် ၂ လ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ ရောဂါဖြစ်ပွားမှုအား အချိန်မီထိန်းချုပ်နိုင်ရန်အတွက် အရေးပေါ်ကိစ္စများပေါ်ပေါက်လာပါက သက်ဆိုင်ရာခွင့်ပြုချက်မှအပ သတ်မှတ်အချိန်အတွင်း ညမထွက်ရန် အမိန့်အား ယနေ့မှစ၍ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

" ရခိုင်မှာ ကူးစက်မှုက ရက်ပိုင်းအတွင်း များလာတော့ ကျွန်တော်တို့ ထိထိရောက်ရောက် အမြန်ကာကွယ်ဖို့ ဒီလိုအမိန့်တွေထုတ်တာပါ၊ လူမစုမိဖို့ ဒီအချိန်အရေးကြီးပါတယ်" ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

 

ယင်းအမိန့်အား အများပြည်သူ အကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

" ဘဏ်ဝန်ထမ်းမှာ ပိုးစတွေ့ထဲက လမ်းထဲကလူတွေ အပြင်သိပ်မထွက်ရဲတော့ဘူး၊ ဒီလိုအမိန့်တွေ ထွက်လိုက်တော့ ပိုဆိုးတာပေါ့ ေြ၊ခာက်ကပ်သွားတယ်၊ ဈေးသွားတာ အလုပ်သွားတာကလွဲရင် သိပ်အပြင်မထွက်တော့ဘူး"ဟု စစ်တွေမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

 

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယင်းမြို့ရှိ ပြည်သူများအား သြဂုတ် ၂၀ ည ၈ နာရီမှ စတင်ပြီး နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

(Xinhua)

Read times
Rate this item
(0 votes)